Chapter : 142

8.7K 926 162
                                    

Warning! Sexual Content atert 🚨

Unicode

တမာပင်မြို့စံအိမ်တွင် ခေတ္တမျှ ငြိမ်းချမ်းခဲ့သည်။

_________________

" ယု...ယုဂန် မင်းပြန်ရှင်လာတယ်!"

မြင်တွေ့လိုက်ရသောအဖြစ်အပျက်ကြောင့် စိတ်လှုပ်ရှားခြင်းကို မချုပ်ထိန်းနိုင်တော့သော နန္ဒသည် တအံ့တဩအော်ဟစ်ကာ ယုဂန်အနားသို့အပြေးလာသည်။

ပီယံမှာမူ ယခုတိုင်ကြောင်အနေဆဲဖြစ်​၏။ သူသိထားသည်က သေသွားသောသူကို မည်သည်နည်းနှင့်မျှ အသက်ပြန်သွင်း၍မရနိုင်ချေ။ အသက်ပြန်သွင်းရန်ကြိုးစားပါကလည်း ဖုတ်ကောင်ဘဝသို့သာ ပြောင်းသွားမည်ဖြစ်ပြီး ယခုလို လူကောင်းအတိုင်းပြန်လည်နိုးထလာဖို့မဖြစ်နိုင်ချေ။

ထို့ထက်မူ အခန်းတွင်းရောက်ရှိနေသော ဆံပင်အဖြူနှင့်လူမှာ မည်သူဖြစ်ပါသနည်း။ အစ်ကိုယုဂန်အသက်ပြန်ရှင်လာခြင်းမှာ ထိုလူ့ကြောင့်သာဖြစ်ကြောင်း သူရိပ်စားမိသည်။

ယုဂန်က လှဲနေရာမှ အရုဏ​၏အကူအညီဖြင့် ထ,ထိုင်လာသည်။ နရတ်​၏မန္တာန်အစွမ်းများကြောင့် သူ​၏ခန္ဓာကိုယ်မှာ လုံးဝမသေဆုံးဖူးခဲ့သည့် အသက်ရှင်သည့်ခန္ဓာပမာ အသစ်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သည်။

အရုဏက အရှင်နရတ်ကို မာရစ်မျိုးနွယ်​၏သခင်လေးဖြစ်ကြောင်း မိတ်ဆက်ပေးသည်။ နန္ဒနှင့်ပီယံတို့ အံ့ဩသွားစဉ်မှာပင် အရုဏက ယုဂန်သည် အမှန်တကယ်မသေဆုံးဘဲ လိပ်ပြာလွင့်သွားခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် လိပ်ပြာကိုပြန်ခေါ်ပြီး အရှင်နရတ်အကူအညီဖြင့် ခန္ဓာပြန်သွင်းနိုင်ခဲ့ကြောင်း စသဖြင့် လိုအပ်သောအပိုင်းတို့ကိုသာ ဖြည့်စွက်ပြင်ဆင်ပြီး ရှင်းပြသည်။

နန္ဒနှင့်ပီယံတို့သည် ရှင်းပြချက်ကို လွယ်လင့်တကူပင် ယုံကြည်သွားကြ​၏။

သို့ပါ၍ သူတို့သည် ယုဂန်ကို နှုတ်ဆက်ပြီးလျှင် အရုဏနှင့်ယုဂန်တို့ အချိန်ကောင်းလေးများရရှိစေရန်အတွက် အခန်းထဲမှ ထွက်ခွာပေးသွားကြသည်။

အရုဏသည် အရှင်နရတ်ကို စံအိမ်၌ခေတ္တနားရန် အခန်းတစ်ခန်းပေး​၏။

The Everlasting One (volume 2 + 3 )Where stories live. Discover now