Chapter : 151

4.6K 506 123
                                    

Trigger Warning ⚠️: This chapter contains blood, violence, death and dying .

Unicode

ပန်သျှား ခြောက်ခြားဖွယ်ရာ သွေးချောင်းစီးည

__________________

ပင်လယ်လှိုင်းလုံးများဟာ ရေ,သားရဲကောင်​၏ဟိန်းသံပမာ ကြမ်းတမ်းရုန့်ရင်းစွာ မြည်ကြွေးရင်း ကမ်းခြေအား ဘောင်ဘင်ရိုက်ခတ်နေခဲ့သည်။

အလိပ်လိပ်ထနေသော ရေလှိုင်းများပေါ်ဝယ် စိမ်းပြာရောင်နဂါးတစ်ကောင်ဟာ လဲလျောင်းနေလျက် ပင်လယ်ကမ်းစပ်တစ်ခုလုံးအား သွေးဖြင့်ချင်းချင်းနီအောင် ပြုစားထားလေသည်။

အဆိုပါနဂါး​၏ဘေးတွင် အမျိုးသားတစ်ဦးသည် နဂါး​၏ကိုယ်ပေါ်မျက်နှာအပ်လျက် အပြင်းအထန်ငိုကြွေးနေ​၏။

ထိုမြင်ကွင်းကို မြင်တွေ့ရခြင်းက အဏ္ဏ​၏သွေးများအား ဒေါသဖြင့် ပွက်ပွက်ဆူသွားစေကာ သူ​၏ဆံခြည်မျှင်အစ လက်ချောင်းထိပ်များအဆုံး၊ အကြားအလပ်မရှိ အငြိုးအတေးများနှင့် ပြည့်နှက်သွားလေသည်။

အဏ္ဏ သူ​၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ​၏ ယူကျုံးမရဖြစ်မိသောစိတ်များက ဒေါသတရားအဖြစ် လက်သီးထိပ်တွင် စုစည်းသွားသည်။

" အား!!! ဒီညပဲ မင်းကိုငါသတ်မယ်!!"

ရင်ထဲမှလှိုက်သော ဟစ်အော်ကြွေးသံနှင့်အတူ အဏ္ဏသည် မျက်တစ်လုံးရှင်ရှိရာဆီ တဟုန်ထိုးပျံသန်းသွား​၏။

အဏ္ဏ​၏ စွမ်းအားများက မျက်တစ်လုံးရှင်​၏ အကာအရံကို တစ်ချက်မျှမနားဘဲ ဆက်တိုက်ရိုက်ခတ်သည်။

မျက်တစ်လုံးရှင်သည် ရှောင်ချိန်၊ ရှားချိန်၊ လွတ်မြောက်ချိန်ပင်မရ။ တစ်စစီဆွဲဖြဲချင်နေသော အဏ္ဏ​၏သဲကြီးမဲကြီးတိုက်ခိုက်မှုက မျက်တစ်လုံးရှင်ကို လုံးဝချောင်ပိတ်နေသော သားကောင်ပမာ ဖြစ်နေစေသည်။

မျက်တစ်လုံးသည် အကာအရံကြောင့်သာ အခုထိအသက်
ရှင်နေခြင်းဖြစ်​၏။ မျက်တစ်လုံးရှင်​၏ လက်တစ်ဖက်က ယခင်တိုက်ပွဲတုန်းက ပြတ်ထွက်ထားသည်ဖြစ်ရာ အဏ္ဏကဲ့သို့ စွမ်းအားကြီးမားလှသည့်သူကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမလုံလောက်နေချေ။

The Everlasting One (volume 2 + 3 )Where stories live. Discover now