Chapter : 144

11.1K 895 261
                                    

Unicode

ဟီရသို့ရောက်ရှိ၍ စစ်ပွဲစတင်ခြင်း

_______________________

လွန်ခဲ့သောငါးနှစ်ကျော်ခန့်က နန္ဒ​၏မွေးနေ့တွင် သုဒီပါလက်ဆောင်ပေးခဲ့သော ရှဉ့်တူယုန်တူလေး ပုတုမှာ ယခုဆိုလျှင် အတော်လေးအရွယ်ရောက်၍ အကောင်ကြီးနေပြီဖြစ်သည်။

ရှဉ့်တူယုန်တူတို့သည် သက်တမ်း ၂၀ ထိအသက်ရှည်ကြသည်မို့ ၅-၆ နှစ်ဟူသောအရွယ်မှာ သူတို့​၏လက်လက်ထ ဆယ်ကျော်သက်အရွယ်ကလေးသာ ဖြစ်ကြလေသည်။

ယင်းတို့သည် ၎င်း​၏ချစ်စဖွယ်ဖြစ်သော မျက်နှာ၊ ယုန်နားရွက်၊ အမြင့်ပေါ်မှ ခုန်ဆင်းကာ ပျံနိုင်သောစွမ်းရည် စသည်တို့ကြောင့် နာမည်ကြီးထင်ရှားသော တိရိစ္ဆာန်ငယ်လေးများဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဉာဏ်အလွန်ကောင်းပြီး သခင်နှင့်အိမ်ကိုမှတ်မိနိုင်စွမ်း၊ လူများကိုခွဲခြားသိနိုင်စွမ်း စသည်သာမက ပြဿနာဖြေရှင်းနိုင်စွမ်းတို့ပါ ရှိလေသည်။ အနံ့ခံအလွန်ကောင်းပြီး ပစ္စည်းတစ်ခုတွင် စွဲကျန်သောအနံ့ကိုသိရှိကာ ထိုပစ္စည်း​၏ပိုင်ရှင်ကို ရှာဖွေနိုင်သောအစွမ်းလည်းရှိလေသည်။

ထို့ကြောင့် ယုဂန်သည် ယခုမစ်ရှင်​၏ တာဝန်ထမ်းဆောင်မည့်သူကို ပုတုအား ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယုဂန်ဆီကို အာနီလာစဉ်က သူ​၏ပဝါတစ်ထည်ကျန်ရစ်ခဲ့သည်။ ယုဂန်သည် အာနီ့​၏ပဝါကို ပုတုနှာဝရှေ့တည့်ကာ အနံ့ခံစေသည်။

နှာတပွပွလုပ်ကာ အနံ့ခံနေသောပုတုကို ကြည့်ပြီး နန္ဒမှာတော့ ရတက်မအေးဖြစ်နေသည်။

" ငါ့ပုတုလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

နန္ဒသည် မငိုရုံတမယ် မျက်နှာကြီးမှောင်ကျနေ​၏။

ပုတုကို နန်းတော်ထဲစေလွှတ်ကာ အာနီ့ဆီ စာပေးခိုင်းမည်ဆိုကတည်းက နန္ဒအိပ်မပျော်တော့ခြင်းဖြစ်သည်။

ပုတုကို ပေါက်စလေးကတည်းက သူမွေးခဲ့ရတာ။ နန်းတော်ထဲမှာ ဖမ်းမိပြီး အသားကင်ဖြစ်သွားမည်ကို သူအလွန်အမင်းစိုးရိမ်နေမိသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now