Chapter : 155 (ပ)

3.4K 472 57
                                    

Unicode

အချိန်ယန္တရား

____________________

မြင်းပျံတစ်စီးသည် သူ​၏ကြီးမားသန်မာသော အတောင်ပံနှစ်ဖက်အား မနားတမ်းခတ်ကာ အနက်ရောင်တွင်းပေါက်အလယ်တည့်တည့်ဆီသို့ မနားစတမ်းပျံသန်းနေသည်။

ထိုမြင်းပေါ်တွင် မင်းယောဇာရှိ​၏။

မင်းယောဇာ​၏ နီမြန်းနေသောမျက်ဝန်းများက မိမိရှေ့တည့်တည့်တူရူရာ အရပ်ဆီသို့သာ သားကောင်တွေ့သော သိမ်းငှက်​၏ကြည့်ခြင်းမျိုးနှင့် စူးစိုက်ကြည့်နေသည်။

မင်းယောဇာသည် မြင်းပျံကို ထပ်မံပြီးအရှိန်မြှင့်ပြန်​၏။
သို့ရာတွင် ထိုအချိန်၌ မင်းယောဇာ​၏မြင်းပျံအနားသို့ တခြားအရာတစ်ခု ချဉ်းကပ်လာသည်။

မင်းယောဇာ ဘေးသို့လှည့်ကြည့်သည်။

ထိုအခါ တခြားမြင်းပျံတစ်စီးနှင့် ယင်းအပေါ်မှ ယုဂန်နိုင်ကို တွေ့လိုက်ရပေသည်။

ယုဂန်သည် မြင်းပျံကိုဒုန်းစိုင်းစီးကာ မင်းယောဇာဆီသို့ တည့်တည့်ဦးတည်လာနေသည်။ ယုဂန်ဟာ ဇွဲလျှော့မည့်ဟန်မရှိ။ သူ​၏အသက်ကိုလည်း ပဓာနထားတော့ဟန်မရှိ။ သူဟာ မင်းယောဇာဆီရောက်ဖို့သာ စိတ်အားထက်သန်နေပြီး သူ​၏ခိုင်မာသောဆုံးဖြတ်ချက်ကို သူ​၏တင်းမာလေးနက်နေသော မျက်နှာထားအားကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

မင်းယောဇာ မယုံကြည်နိုင်မှုနှင့် ဟက်ခနဲရယ်လိုက်မိ​သည်။

အမတ်ယုဂန်ဟာ ထိုမျှမိုက်ရူးရဲဆန်လိမ့်မည်ဟု မည်သူကများထင်ခဲ့ပါမည်နည်း။

မည်သို့ပင်ဆိုစေကာမူ မင်းယောဇာအနေနှင့် ယုဂန်နိုင်ကို ဂရုမစိုက်နိုင်ပေ။ သူ့ဆီ နတ်များအချိန်မီမရောက်လာခင် အချိန်ယန္တရားတွင်းပေါက်ထဲ ဝင်သွားနိုင်ရန်သာ အာရုံစိုက်ထားသည်။ သို့ပါ၍ မင်းယောဇာသည် ယုဂန်ဘက်အားလျစ်လျူရှုလျက် တွင်းပေါက်ဆီသို့သာ ဆက်လက်ဦးတည်သည်။

ထိုအခါ ယုဂန်သည် မြင်းပျံကို အသားကုန်နှင်၍ မင်းယောဇာ​၏မြင်းပျံနားသို့ မရမကတိုးကပ်သည်။ များမကြာမီ ယုဂန်​၏မြင်းမှာ မင်းယောဇာ​၏မြင်းအား လိုက်မီလာ​၏။ သို့သော်လည်း မင်းယောဇာ​၏မြင်းက ခွာပြေးပြန်သောကြောင့် မင်းယောဇာကို လှမ်းဖမ်းဆွဲရန် မဖြစ်နိုင်သေးချေ။

The Everlasting One (volume 2 + 3 )Where stories live. Discover now