Chapter : 153

3.3K 446 52
                                    

Trigger Warning  ⚠️: This chapter contains blood, violence, death and dying .

Unicode

သွေးနှင့် ဝိဉာဉ်ချုပ်အိုး
________________

ယုဂန်​၏ညာဘက်ဒူးအထက်မှ ချိပ်ရောင်သည်းသော သွေးပျစ်ပျစ်များ အဆီးအတားမဲ့ ဒလဟောယိုစီးကျလာသည်။

ယုဂန်​၏နာကျင်လွန်းသော အော်ဟစ်သံနှင့် ဝေဒနာကြောင့် ရစ်ဝဲလာသောမျက်ရည်များက  အရုဏ​၏သည်းစိုင်နှလုံးကို ရေနွေးငွေ့များ ကျုက်ကျိုက်ဆူသွားသည့်ပမာ လောင်မြိုက်ပြီး ဟုန်းဟုန်းထသွားစေသည်။

ဘီလူးအသွင်ဖြင့် အရုဏသည် ရင်ခေါင်းထဲမှလာသော သားရဲဘီလူး​၏ဟိန်းဟောက်သံကြီးနှင့်အတူ အကာအရံအား လက်သီးဖြင့် ထိုးသည်။ သို့သော် အကာအရံဟာ လှိုင်းပမာ အလိမ့်လိမ့်ထ,၍ တုန်ခါသွားသည့်တိုင် အက်ကွဲရာသေးသေးလေးတောင် မဖြစ်လာချေ။

အသူရာနတ်များက အရုဏကို လှောင်ပြောင်လိုသောအားဖြင့် ရယ်ကြ​၏။ သူတို့​၏ နတ်အစွမ်းဖြင့် စီမံထားအပ်သော အကာအရံကို ဘီလူးတစ်ကောင်က ချိုးဖျက်ခြင်းမှာ ကျောက်တုံးကို အပ်နှင့် ပေါက်နေနှယ်သာရှိသည်ဟု သူတို့က ယုံကြည်ကြသည်။ အသူရာတို့က သူတို့​၏ အစွမ်းအပေါ် ယုံကြည်ချက်အားပြင်းလွန်းလှ​၏။

အရုဏသည် မိမိ​၏ဘီလူးအစွမ်းကို အဆုံးစွန်ထိအသုံးပြုပြီးနိုင်ကတည်းက အလွန်တရာ အင်အားကြီးသောစာရင်း ပါဝင်ပြီးဖြစ်သည်။ သူ​၏ မှော်အစွမ်းမှာ မင်းသားအဏ္ဏထက်မသာလျှင်တောင် မလျော့နည်းသော နေရာသို့ပင် ရောက်ရှိနေပြီ။

အခုကမူ အသူရာနတ်တို့ စုပေါင်းဖန်တီးသော အကာအရံမှာ မှော်နက်အစွမ်းနှင့်ပါ ပေါင်းစပ်ထားသည်ဖြစ်ရာ ဖြိုဖျက်ဖို့ရန် ခက်ခဲလွန်းလှသည်။

အကာအရံကို ထိုးခွဲနေသော အရုဏ​၏လက်သီးများသည် အရေခွံတို့စုတ်ပြဲ၍ သွေးတို့စိမ့်ထွက်လာ​၏။ သူ​၏မှော်အစွမ်းဟာလည်း အကာအရံကို လုံးလုံးမသက်ရောက်ဘဲ ရေကိုလက်သီးနှင့်ထိုးနေသည့်အတိုင်းသာဖြစ်နေသည်။ သို့တိုင် သူမရပ်တန့်နိုင်ပါချေ။ သူ​၏ကြင်ရာတော်က အကာအရံအတွင်းရှိနေပြီး ရန်သူ့လက်ထဲမှာ သေမင်းခံတွင်းဝရောက်နေသည့် အနေအထားပင် ဖြစ်သည်။။ သူ ယုဂန် ညှဉ်းဆဲခံနေရသည့်အဖြစ်အပျက်ကို ထိုအတိုင်းရပ်ကြည့်နေရန် မဖြစ်နိုင်ပါချေ။

The Everlasting One (volume 2 + 3 )Where stories live. Discover now