The end

2.7K 294 49
                                    

Unicode

ကျွန်မ အသက် ၁၇ ပြည့်ခါနီးမှာ စရေးခဲ့တဲ့ TEO ဟာ ကျွန်မအသက် ၂၀ ပြည့်ခါနီးမှာပဲ ပြီးဆုံးခြင်းအဖြစ်ကို ရောက်ရှိသွားပါပြီ။

နှစ်အကြာကြီးရေးခဲ့ရတာ ဆိုတော့ ဇာတ်သိမ်းသွားရင် ပြောစရာတွေအများကြီးရှိမယ် ထင်ခဲ့ပေမဲ့ တကယ်တမ်း စိတ်ပေါ့သွားတာကလွဲရင် ပြောစရာအထူးအထွေ ဘာမှမရှိပါဘူး။ သေချာတာကတော့ TEO လိုနှစ်ကြာတဲ့ အရှည်ကြီးက နောက်ဆုံးပါပဲ။

ဆိုတော့ကာ TEO က နှစ်ကြာခဲ့တော့ စစချင်း မနူးမနပ်နဲ့ ဘာတွေလျှောက်လုပ်မှန်းမသိခဲ့တဲ့ ကျွန်မက နှစ်နဲ့အလိုက် ရင့်ကျက်လာပြီး ကျွန်မရဲ့ပြောင်းလဲလာတဲ့ personality အလိုက် TEO လည်း ပုံပေါ်လာခဲ့တယ်လို့ထင်ပါတယ်။ ၁၆-၁၇ လောက်မှာ စလိုက်တဲ့ဟာက အတော်လေး လိုအပ်ချက်နဲ့ ပြဿနာများခဲ့တာပါ။ အစပိုင်း chapter တွေ အဆင်မပြေမှုရှိခဲ့တာတွေ အတွက်လည်း ကျွန်မအမြဲတမ်း စိတ်မကောင်းဖြစ်မိပါတယ်။ အသက် ၁၆-၁၇ က အဲ့လောက်အရွယ်ငယ်တယ် မဟုတ်ပေမဲ့ ကျွန်မအခုအရွယ်ထက်စာရင်တော့ မရင့်ကျက်ဘူး၊ ဘာမှနားမလည်၊ မသိတတ်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။

၃ နှစ်နီးနီးဆိုတာက တကယ်တမ်း လူတစ်ယောက်ပြောင်းလဲဖို့ထိ မကြာပါဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ TEO စ,ရေးတုန်းက follower လည်း 1k လားပဲရှိပြီး သိပ်လည်း လူမသိတော့ ရေးရတာ စိတ်ပေါ့ပါးတယ်။ ဆယ်တန်းအောင်စာရင်းထွက်ပြီး၊ ဘဝအကြောင်းဘာမှသေချာမသိဘဲ ဖြူဖြူစင်စင်လေး uni တက်ဖို့စောင့်နေရင်း ဝုန်းဒိုင်းဆို အာဏာကောက်သိမ်း၊ အဲ့ကစပြီး ဘဝကြီးမှာ ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်း မသိတာနဲ့ပဲ လူလည်းအတော်လေး ပြောင်းလဲသွားတယ်လို့ထင်ပါတယ်။

TEO ရဲ့ အစပိုင်း A/N တွေကိုပြန်ကြည့်ရင် "ငါအဲ့တုန်းက တက်ကြွပြီး အကောင်းမြင်တတ်တာပဲ" လို့ပြန်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ TEO က ကိုယ်နဲ့အတူ ပုံပေါ်ခဲ့ပါလားလို့ တွေးမိလာတယ်။

အခုတော့ TEO ကို နှုတ်ဆက်လိုက်ပါပြီ။

📌 အရင်ဆုံး မေတ္တာရပ်ခံချင်တာက TEO ဇာတ်သိမ်းကြောင်းကို facebook ကစတဲ့ social media တွေပေါ်မှာ မတင်ဖို့ပါ။ review တွေလည်း မရေးဖို့၊ recommend လည်းမပေးဖို့၊ ဘာဆိုဘာမှ မတင်ဖို့ တောင်းဆိုပါတယ်။

The Everlasting One (volume 2 + 3 )Where stories live. Discover now