Chapter : 141

8.6K 982 345
                                    

unicode

ယုဂန်နှင့် မာရစ်မျိုးနွယ်၏အကြံအစည်

______________

နှလုံးခုန်တိုင်းတာစက်၏ ဖန်သားပြင်ပေါ်တွင် တွန့်ချိုးနေသော မညီမညာလိုင်းလေးတစ်ကြောင်းမှာ အချိန်နှင့်အညီ ပြေးလျက်ရှိသည်။

အဆိုပါစက်၏ဘေးဘက်ကပ်ရပ်တွင်တော့ အချိန်၆လကြာ ကိုမာဝင်နေသော မင်းလွင်အမည်ရှိ လူနာမှာ အောက်ဆီဂျင်ပိုက်၊ အစာပိုက်၊ ဆီးပိုက် စသောပိုက်ပေါင်းများစွာနှင့်အတူ ကုတင်ပေါ်တွင် လဲလျောင်းလျက် ရှိသည်။

မင်းလွင်သည် ကုတင်ပေါ်တွင် မလှုပ်ယှက်လဲလျောင်းရင်း ဆေးရုံမျက်နှာကြက်ကို မျက်တောင်မခတ်တမ်းငေးကြည့်နေသည်။ သူသည် လက်ချောင်း၊ ခြေချောင်းလေးများကအစ မလှုပ်မရှားနိုင်ဖြစ်နေသော်လည်း အသိစိတ်နှင့် အမြင်အာရုံ၊ အကြားအာရုံတို့မှာမူ ပကတိအတိုင်း အကောင်းဖြစ်သည်။

ထို့အပြင် ဖြစ်ပျက်ခဲ့သော အခြေအနေတို့ကိုလည်း သူပြတ်ပြတ်သားသား မှတ်မိနေသည်။

ဤသည်က ကိုမာဝင်စဉ်အတွင်း မက်သော အိပ်မက်ရှည်ကြီးမဟုတ်ချေ။ သူသည် တခြားစကြဝဠာသို့ အမှန်တကယ်ရောက်ရှိကာ အရာအားလုံးတွေ့ကြုံခဲ့ရခြင်း ဖြစ်ကြောင်း သူအသေအချာကိုသိနေသည်။

အထူးသဖြင့် မောင်နှင့်ကလေးကို သူ,သတိရသည်။

ယခုနေ မောင်သည် သူသေဆုံးပြီအထင်နှင့် မည်မျှခံစားနေရမည်ကြောင်း တွေးမိသောအခါ အလိုလိုမွန်းကျပ်မိသည်။ မောင်ဟာ အပြင်းအထန်ငိုကြွေးနေလေမလား၊ သမီးလေးမှာရော ဖဘုရားရုတ်ချည်းပျောက်သွားသဖြင့် လိုက်ရှာနေမလား သူမတွေးမိဘဲ မနေနိုင်ချေ။

ဤသည်မှာ သူ​၏အကြံအစည်မှန်သော်လည်း "အကယ်၍ သူသာ မောင့်အနားပြန်မသွားနိုင်ခဲ့ပါလျှင်" ဟူသောကြောက်စိတ်ကြီးက သူ့ကို တစ်စတစ်စလွှမ်းခြုံလာသည်။ သူ့တွင် ကိုယ်ပိုင်မိသားစုရှိနေပြီဖြစ်ပြီး ထိုမိသားစုနှင့် ထပ်မတွေ့ရပါတော့လျှင် သူ​၏ဘဝဟာ စိတ်ဝိဉာဉ်မဲ့သော အဖြူရောင်စက္ကူတစ်စသာ ဖြစ်သွားပေလိမ့်မည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now