Physical book ( Unicode)

9.4K 505 60
                                    

Unicode

ယောရောဘွန်း...မိနစံ...ထုခွန်...တို့
မတွေ့ရတာ တော်တော်ကြာသွားပြီနော်။

ကြာဆို ဒီအတောအတွင်း ကျွန်မက အားလုံးသိပြီးတဲ့အတိုင်း teo စာအုပ်အတွက် လုံးပန်းနေတာရယ်၊ အလုပ်ရှုပ်နေတာရယ်၊ လက်တွေ့ဘဝက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေရယ်ကြောင့် စာရေးတဲ့ဘက်ကို မလှည့်နိုင်ဘူးဖြစ်သွားတယ်။

ကျွန်မ စာရေးခဏနားမယ့်အကြောင်း စာတင်ထားပါတယ်။ ဒါပေမဲ့ မတွေ့လိုက်တဲ့သူလည်းရှိမယ်ပေါ့နော်။ ဒီအတောအတွင်း update မျှော်နေပေးတဲ့သူတွေကို အများကြီးအားနာရပြီး အားနာတဲ့ကြားကနေ နည်းနည်းလောက် ထပ်ပြီးစောင့်မျှော်ပေးကြဖို့ တောင်းဆိုပါရစေ။

ဒါပေမဲ့ မပူပါနဲ့။ နောက်လအတွင်းအပြီးရေးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားပါတယ်။ ပြီးတာနဲ့ teo ရဲ့စာအုပ်ကိစ္စတွေ၊ တခြားproject တွေကို အာရုံစိုက်ရမှာပေါ့လေ။

အခုခဏပြန်ပေါ်လာတာက ခေါင်းစဉ်ပေးထားတဲ့အတိုင်း TEO စာအုပ်ထွက်ပြီဆိုတဲ့အကြောင်း အသိပေးချင်လို့ပါ။

စာအုပ်ကလေ ကျွန်မနဲ့ fb မှာ အချိတ်အဆက်ရှိတဲ့သူဆိုရင် ထွက်တဲ့အကြောင်းသိတယ်ပေါ့နော်။ IRIS book house ကနေလည်း ကြေညာထားပါတယ်။ အခု စာအုပ် order ကောက်နေပါပြီ။ 29 ရက်နေ့ orderပိတ်ပါမယ်။

Teo က စာများတဲ့အတွက် volume တစ်ခုကို တစ်အုပ်နှုန်းထုတ်ဖို့မဖြစ်နိုင်ပါဘူး။ ဒီ့အတွက်ကြောင့် Arc အလိုက် ခွဲထုတ်မှာပါ။ ဥပမာ volume 1 မှာဆိုရင် စုန်းမဂန္ဓမာarc( chapter 1 မှ 24 ထိ) အမတ်ယုဂန်နိုင်စတင်ဖြစ်ပေါ်ခြင်း arc၊ သန္နီး arc စသဖြင့် arc လိုက်ခွဲထုတ်မှာပါ။ ဝယ်ယူသူများက ကြိုက်နှစ်သက်ရာ arc ကိုပဲရွေးချယ်ဝယ်ယူနိုင်ပါတယ်။

နှစ်အုပ်တစ်ခေါက် ထုတ်မှာဖြစ်ပါတယ်။ တစ်ခေါက်ထုတ်ပြီးရင် နှစ်လလောက်နားပြီးမှ ကျန်တဲ့ arc တွေထုတ်မှာပါ။

အခုလောလောဆယ်က နှစ်အုပ်ထုတ်ထားတယ်ပေါ့နော်။
book 1 က ( chapter 1-24) Book 2 က ( chapter 24-50) ဖြစ်ပါတယ်။ creamy paper၊ hard cover၊ စာမျက်နှာ 460 ကျော်စီဖြစ်ပါတယ်။ တစ်အုပ်ချင်းစီခွဲဝယ်လို့ရပါတယ်။ အသေးစိတ်ကိုတော့ IRIS book house မှာ သွားပြီးကြည့်ရှုနိုင်ပါတယ်။

The Everlasting One (volume 2 + 3 )Where stories live. Discover now