Chapter : 134

7.3K 898 369
                                    

Unicode

နဂါးမင်းသားဆီက သတင်းအချို့ကို ရရှိခဲ့ပြီ

_________________

နီမြန်းသော အဆင်းရှိ၍ ပတ္တမြားရည်လဲ့နေသည့် နဂါးမျက်ရှင်သည် လေပေါ်တွင် ဝဲပျံကာ အလင်းရောင်များ ဖိတ်ဖိတ်တောက်ဖြာကျနေသည်။

ယုဂန်နှင့် အရုဏသည် အဆိုပါနဂါးမျက်ရှင်ကို အချိန်အတန်ကြာသည်အထိ အံ့ဩတကြီး ငေးစိုက်ကြည့်မိနေကြသည်။

အရုဏသည် ယုဂန် ကိုယ်နှင့်မကွာ အမြဲဆောင်ထားလေ့ရှိသည့် လည်ဆွဲအတွင်း နဂါးမျက်ရှင်ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးခဲ့ပါချေ။

ယုဂန် ဒီဘက်စကြဝဠာကိုရောက်ကတည်းက မူလယုဂန်နိုင်​၏လည်ပင်းတွင် အနှီဆွဲကြိုးရှိနေခဲ့သည်ဟု ယုဂန်ကပြောပြဖူးသည်။ ယင်းမှာ မင်းလွင်ဘဝ၌ မင်းလွင်​၏မိခင်ပေးခဲ့သည့် ဆွဲကြိုးနှင့်တူသည်မို့ ယုဂန်သည် သူ​၏မိခင်ကိုအမှတ်ရသောအားဖြင့် ဤဆွဲကြိုးကို တောက်လျှောက်ဆွဲထားခဲ့ခြင်းဖြစ်သည်။

မင်းလွင်က အဆိုပါဆွဲကြိုးကြောင့် သူကမ္ဘာကူးပြောင်းလာသည်ဟု ယုံကြည်ကြောင်း အရုဏကိုပြောပြဖူးသည်။

ယခု မူလယုဂန်​၏ဆွဲကြိုးက နဂါးမျက်ရှင်ဆွဲကြိုးဖြစ်နေပါမူ မင်းလွင်​၏ဆွဲကြိုးကရော မည်သို့သောဆွဲကြိုးဖြစ်ပါသနည်း။

စဉ်းစားလေ၊ ဤသည်မှာ ရှုပ်ထွေးစရာကိစ္စဖြစ်လာသည်။

ပထမဆုံးပဟေဠိမှာ မူလယုဂန်ဆီ အနှီဆွဲကြိုး မည်ကဲ့သို့ရောက်ရှိလာသနည်းဟူသော အချက်ပင်။

" အဲ့ဟာက ဘယ်လိုလုပ်ပြီး ကျွန်တော့်ဆီ...မဟုတ်ဘူး...မူလယုဂန်နိုင်ဆီ ရောက်နေတာလဲ"

ယုဂန်က တအံ့တဩနှင့် အထစ်ထစ်အငေါ့ငေါ့မေးသည်။

နဂါးမင်းသားက သူ​၏နဂါးမျက်ရှင်ကို လက်ထဲဆုပ်ကိုင်လိုက်ကာ အေးဆေးစွာပင်ပြန်ဖြေသည်။

" ငါပေးခဲ့တာ"

ယုဂန် : " မူလယုဂန်ကိုလား"

အဏ္ဏ: " မဟုတ်ဘူး။ မင်းကြီးမဟီကို ပေးခဲ့တာ"

ယုဂန် စိတ်ရှုပ်ထွေးသောဟန်ပန်ဖြင့် မျက်ခုံးများတွန့်ချိုးသွားသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now