Chapter: 145

7.8K 740 202
                                    

Unicode

ဝက်သွေးစည်း ဗဟိုအင်းကွက် ပပျောက်ခြင်း

________________

အိုဟောင်းကာ တကျွီကျွီအသံမြည်နေသော သစ်သားတွန်းလှည်းလေးမှာ မညီမညာမြေလမ်းထက်တွင် အိပဲ့အိပဲ့နှင့်ရွေ့လျားလာနေသည်။ ထိုတွန်းလှည်းလေးကို တွန်းလာသူနှစ်ဦးသည် ကျေးတောသူဟုထင်ရသော မိန်းကလေးတစ်ဦးနှင့် အသားအရေညိုကျစ်ကျစ်ရှိသော အမျိုးသားတစ်ဦးတို့ဖြစ်သည်။

ထိုတွန်းလှည်းကလေးပေါ်တွင် လတ်ဆတ်သောဟင်းသီးဟင်းရွက်များစွာရှိပြီး တွန်းလှည်းသွားရာ ဦးတည်လမ်းမှာ သန္နီးမြို့စားစိတ္တ​၏စံအိမ်တော်ဆီသို့ဖြစ်သည်။

သန္နီးမြို့စား​၏စံအိမ်တော်သည် မြို့အလယ်တွင်ရှိတတ်သည့် တခြားသော မြို့စားစံအိမ်များနှင့်မတူဘဲ မြို့အစွန်ဆုံးတွင်တည်ရှိသည်။ ထို့ကြောင့် မြို့စားစံအိမ်သို့ရောက်လေလေ၊ လူပြတ်လေလေဖြစ်သည်။ မြို့စားအိမ်တွင် အစောင့်အကြပ်များ များပြားတောင့်တင်းလှသည်ဖြစ်ရာ တော်ရုံလူတို့မှာ မြို့စားစံအိမ်နားသို့ မလာဝံ့ကြဘဲ ပိုမိုခြောက်ကပ်နေလေသည်။

သို့ရာတွင် အနှီအမျိုးသားနှင့်အမျိုးသမီးမှာတော့ တောင်ယာလုပ်ကိုင်ကြပြီး သူတို့လယ်မှထွက်သော သီးနှံများကို မြို့စားစံအိမ်သို့ တစ်ပတ်တစ်ခါပေးပို့ရသည်။ ပို့သည့်အခါတိုင်းလည်း လှည်းနှင့်အပြည့်ပို့ရသည်။ ထိုအတွက် ပြန်ရသောငွေမှာ မစို့မပို့နှင့် မထိုက်တန်သော်လည်း မြို့စားစိတ္တကို အာခံဝံ့သောသတ္တိမရှိသည်မို့ ဖိနှိပ်သမျှဒဏ်ကို ခါးစည်းခံနေရသည်လည်းဖြစ်သည်။

ထိုသို့ သူတို့နှစ်ဦးသည် မြို့စားအိမ်သို့သွား၍ တစ်နေရာအရောက်၌ သစ်ပင်ကြီးအကွယ်မှ လူရိပ်နှစ်ခုထွက်လာသည်ကို မြင်လိုက်ရသည်။ အဆိုပါ လူရိပ်တို့သည် လွန်စွာလျှင်မြန်လှသည်ဖြစ်ရာ မျက်တစ်ခတ်အတွင်းမှာတင် သူတို့အနောက်ကိုရောက်၍ အသီးသီး​၏လည်ပင်းကို ဓားမြှောင်ဖြင့်ထောက်ထားပြီးဖြစ်သည်။

ကျေးတောသူ​၏လည်ပင်းကို ထောက်ထားသူမှာ မိန်းကလေးတစ်ဦးဖြစ်ပြီး ယောက်ျား​၏လည်ကိုထောက်ထားသည်မှာလည်း လူငယ်အမျိုးသားတစ်ဦးဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now