Volume 3 Preview

5.9K 755 85
                                    

Unicode

သူသည် ၂၁ ရာစု​၏ ကျောင်းသားတစ်ဦးဖြစ်ခဲ့ဖူး​၏။

ထို့နောက် မမျှော်လင့်ပါဘဲ တခြားသောစကြဝဠာသို့ရောက်ရှိကာ ထိုတွင် မောင်နှင့်တွေ့ဆုံခဲ့သည်။

သူ မိသားစုတစ်ခုကိုပိုင်ဆိုင်ခဲ့သည်။ မောင်နှင့်အတူ ထာဝရလက်တွဲရင်း သားသမီးတို့ကို အတူတူပျိုးထောင်သွားမည်ဟု သူ​၏အနာဂတ်စိတ်ကူးကို ပုံဖော်ခဲ့ဖူးသည်။

သို့ရာတွင်.....

ထိုသို့ အရာအားလုံးပြီးပြည့်စုံနေပြီးမှ သူပြန်လည်ရောက်ရှိလာသည်က ပိုးသတ်ဆေးနံ့များမွှန်နေသော ဆေးရုံတစ်ခုသာ။

သူမလှုပ်ရှားနိုင်ပေ။ သူ ကိုမာဝင်နေသည်။ ဆေးရုံကုတင်ထက် ပက်လက်လှန်ရင်းသာ မျက်နှာကြက်ကို စိုက်ကြည့်နေရသည်။

သို့ရာတွင် သူမျက်လုံးထောင့်စွန်း၌ တစ်စုံတစ်ရာကိုတွေ့နိုင်သည်။ ယင်းမှာ ကြောင်ဖြူတစ်ကောင်ဖြစ်သည်။

မဟုတ်သေး ဆံပင်အဖြူရောင်ရှိသော လူတစ်ယောက်ဖြစ်သည်။ ထိုသူက မာရစ်မျိုးနွယ်ဝင် စုန်းထီး နရတ်သာ။

" အမတ်မင်း ကျွန်ုပ်တို့ အလောင်းကစားတစ်ခုလောက် လုပ်ကြည့်ကြတော့မလား"

အဆိုပါ စုန်းထီးနရတ်က ခပ်ပြုံးပြုံးနှင့်ဆိုသည်။

ထို့နောက်တွင် သူ​၏လက်တစ်ဖက်က မင်းလွင်​၏အောက်ဆီဂျင်ပိုက်ကို ဖြုတ်လိုက်လေသည်။

အမှောင်ထုကြီးစိုးလာသည်။
ထို့နောက်တွင် စစ်ပွဲထဲသို့ သူပြန်လည်ရောက်ရှိလာသည်။

" အချိန်ယန္တရားတံခါးပေါက် ပွင့်တော့မယ်!"

" ငါတို့ရဲ့ ရွေးချယ်မှုတိုင်းက စကြဝဠာအသစ်တစ်ခုကိုဖြစ်ပွားစေတယ်။ စကြဝဠာအသစ်ဖြစ်ပေါ်တာက ကိစ္စမရှိပေမဲ့ စကြဝဠာနှစ်ခုကို ပူးပေါင်းဖို့ကြိုးစားမိရင်တော့
ကြီးမားတဲ့ ဆိုးကျိုးတစ်ခုဖြစ်ပေါ်လာမှာပဲ"

" လူသောင်းသိန်းချီ သေဆုံးနေပြီ။ အချိန်ကိုထိန်းချုပ်နိုင်တဲ့ 5th dimension ကိုသွားဖို့အတွက် မင်းယောဇာက တစ်မြို့လုံး တစ်နိုင်ငံလုံး လူမျိုးတုံးသတ်ပစ်မှာသေချာတယ်"

The Everlasting One (volume 2 + 3 )Where stories live. Discover now