Chapter : 158 ( ဒု)

3.6K 422 62
                                    

Unicode

နန်းတက်မင်္ဂလာအခမ်းအနား

________________

နောက်တစ်နေ့တွင် အရုဏနှင့်ယုဂန်သည် ဥတ္တရပြည်သို့ပြန်ရန် စီစဉ်ကြရ​၏။ ထိုသို့ နှစ်ဦးသား မိမိတို့​၏တပ်များကိုပါ အစီအစဉ်တကျရုတ်သိမ်းသွားရန် ဗျူဟာချနေဆဲတွင် သူတို့အနားသို့ အရှင်နရတ်ရောက်ရှိလာသည်။

" ကျွန်ုပ် သွားပါတော့မယ် အရှင့်သားနဲ့အမတ်မင်း။ အရှင့်သားတို့ကို ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါတယ်"

နရတ်​၏စကားကြောင့် ယုဂန်ဟာ နှမြောတသဟန်ဖြင့်

" ဥတ္တရကို ပြန်မလိုက်လာတော့ဘူးလား အရှင်။ ကျေးဇူးတင်စရာတွေ များလွန်းလို့ ဥတ္တရမှာ သေချာပြုစုလိုက်ချင်ပါတယ်"

ဟုဆိုသည်။

အရှင်နရတ်က နူးနူးညံ့ညံ့ပြုံးကာ ခေါင်းကိုအသာရမ်းသည်။

" ပြုစုချင်တဲ့စိတ်ကိုပဲ လက်ခံလိုက်ပါမယ်။ ကျွန်ုပ်လည်း ကိစ္စတွေရှိသေးတဲ့အတွက် နောင်အခါများမှ ပြန်တွေ့ကြဦးတာပေါ့။ ရေစက်မကုန်သေးရင်တော့ တစ်နေရာရာမှာ ပြန်ဆုံကြမှာပါ"

ဆွဲထား၍မရတော့မှန်း သိလိုက်သည်မို့ ယုဂန်ဖော်ရွေစွာ ပြုံးကာ ခေါင်းညိတ်သည်။

" သွားလမ်းလာလမ်း အဆင်ပြေပါစေ အရှင်"

" အမတ်မင်းတို့လည်း ဂရုစိုက်ကြပါ"

အရှင်နရတ်ထွက်ခွာသွားသည်။

များမကြာပါပင်။ အရုဏနှင့်ယုဂန်တို့လည်း ပန်သျှားဘုရင်မနာရဏီကို နှုတ်ဆက်ကာ မိမိတို့​၏  စစ်သည်များ၊ ဘက်တော်သားများနှင့် ဥတ္တရသို့ ခရီးပြန်ကြသည်။

ဥတ္တရသို့ ညနေအချိန်ပြန်ရောက်သည်။

ပြန်ရောက်ရောက်ချင်းပင် ယုဂန်သည် ခဏလေးတောင်အနားမယူနိုင်ဘဲ မိမိတို့​၏ကလေးများရှိရာနန်းဆောင်သို့ အပြေးသွားမိသည်။ နန်းဆောင်ထဲဝင်ဝင်ချင်းတွင် စောရံအနား၌ ညနေစာ,စားနေသည့် ဝသန္တမှာ ယုဂန်ကိုမြင်သည်နှင့် ထမင်းပန်းကန်ကို ထားပြီး ယုဂန်ဆီသို့ ပြေးဆင်းလာသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now