Chapter : 149

8.5K 765 239
                                    

Unicode

နဂါးမင်းသားအဏ္ဏ ပြန်လည်ရောက်ရှိလာခြင်းနှင့်
အချိန်ကူးသန်းတွင်းပေါက် တည်နေရာ

_____________

အကျဉ်းထောင်သည် အေးစက်လွန်း​လှ​၏။

နေထွက်လာပြီး မနက်ခင်းသို့ရောက်ရှိနေပြီ ဖြစ်သည့်တိုင်  အလုံပိတ်ထားသော အကျဉ်းထောင်မှာ အလင်းရောင် ထင်သလောက် မဝင်ရောက်ပါချေ။ ထို့ကြောင့် ညဦးရောက်စပမာ အမှောင်ကျနေပြီး ဆောင်းရာသီပေမို့ အေးစိမ့်သည့်အငွေ့အသက်ကလည်း ဝေ့ဝဲနေသေးသည်။

ယုဂန်သည် ချမ်းအေးမှုကြောင့် ကိုယ်ကို ကျုံ့လိုက်မိ​၏။

သူသည် ဒူးနှစ်ဖက်ကိုဖက်ကာ ကွေးကွေးလေးကျုံ့နေသည့်တိုင် ခြေထောက်နှစ်ဖက်ကို ခတ်ထားသည့် သံခြေချင်းသည်လည်းကောင်း၊ လက်နှစ်ဖက်ကို ချုပ်ထားသော သံကွင်းများသည်လည်းကောင်း ရေခဲပမာ အေးခဲနေရာ ချမ်းအေးမှုက မပ,ပျောက်နိုင်ဖြစ်နေသည်။

ယုဂန်​၏ ထိခိုက်မိထားသော ဘယ်ဘက်ခြေချင်းဝတ်က ခရမ်းပုပ်ရောင်ထွက်နေ​၏။ ထိုနေရာက သံ​၏အေးစက်မှုနှင့်ကြုံသော် တဆစ်ဆစ်ကိုက်ခဲနေသည်။

မင်းယောဇာက ယုဂန်ကို ဆေးကုသပေးရန် အစီစဉ်ရှိပုံမရချေ။ သူ့အတွက်ကတော့ ယုဂန်ခြေထောက်ထိကာ မပြေးနိုင်ခြင်းက ပိုပြီးအဆင်ပြေသည်ဟုဆိုရမည်။

ယုဂန်​၏နှာခေါင်းထိပ်နှင့် နားရွက်ထိပ်များသည် အအေးဓာတ်ကြောင့်နီမြန်းနေ​၏။ သူ​၏အမြဲတစေ ကြည်စင်လေ့ရှိသော မျက်ဝန်းများဟာလည်း ယခုတွင်မူ မှုန်မှိုင်းအရောင်မဲ့လွန်း၍ အတန်ကြာငိုခဲ့ခြင်းကြောင့်လည်း မျက်လုံးနားတစ်ဝိုက် ဖူးမို့နေသည်။

အခန်းသည် တိတ်ဆိတ်လွန်း​၏။ ယုဂန်​၏စိတ်က သူ​၏အသိစိတ်၌ မကပ်နေရာ အကျဉ်းထောင်တံခါးဖွင့်သံကိုလည်းကောင်း၊ အနားသို့ လူတစ်ဦးလမ်းလျှောက်လာသည်ကိုလည်းကောင်း သတိမထားမိချေ။

သူ့ရှေ့သို့ ရွဲထခေါင်နူးထိုင်ချလာပြီး သူ့ပါးကို လက်ဖြင့်လာထိမှသာ ယုဂန် သတိပြန်ဝင်လာသည်။ ယုဂန် စက်ဆုပ်လှသောကြောင့် ဆတ်ခနဲအနောက်ဆုတ်လိုက်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now