Chapter : 139

6.7K 921 397
                                    

Unicode

ယုဂန်၏စာတစ်စောင်

__________

မင်းယောဇာနှင့် မှော်နက်ပညာရှင်များအား လိုက်လံဖမ်းဆီးရန် အနောက်မှလိုက်သွားကြသော နတ်သား၁၀ပါးတို့သည် လမ်းခုလတ်မှာတင် မင်းယောဇာတို့ကို မျက်ခြည်ပြတ်သွား​၏။

အဆိုးထဲမှ အကောင်းအနေဖြင့် မင်းယောဇာတို့​၏တပ်မှ ကျန်ရစ်သောစစ်သည်များကို သုံ့ပန်းအနေဖြင့် ဖမ်းဆီးရရှိလိုက်သည်။ ထိုစစ်သည်အများစုသည် မှော်နက်ဖြင့် စိတ်ညှို့ခံထားရမှန်းသိရှိလိုက်သည်မို့ သူတို့ကို ကျိန်စာမှလွတ်အောင် နတ်များက ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကိစ္စအဝဝကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်နေသော နံ့ရှားကြာသုနန္ဒာသည် အလုပ်များနေသောကြောင့် သူ့အနားသို့ နရတ်ရောက်ရှိလာသည်ကို မသိမမူမိချေ။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ နရတ်သည် သုနန္ဒာနားချဉ်းကပ်သွား၍

" ဟိတ်" ခနဲ အသံပေးကာ ခြောက်လှန့်လိုက်သည်။

သုနန္ဒာလှည့်ကြည့်လိုက်သော် နရတ်က သူ့ကို ခေါင်းလေးစောင်းလျက်ကြည့်ကာ ပြုံးပြနေသည်။

" ဟော်...မင်း..."

သုနန္ဒာ တအံ့တဩဆို၍ မဆုံးခင်မှာပင် နရတ်က တောက်တော်ကပပပြုံးပြကာ

" ကျွန်တော်တို့ထပ်တွေ့ပြန်ပြီနော် နတ်သားကိုကို။ ရေစက်ပါတယ်နဲ့ တူတယ်"

ဟု တက်ကြွစွာဆိုသည်။

သုနန္ဒာသည် နရတ်ထက် အနှစ်၂၀၀ ကျော်ကျော် အသက်ပိုကြီး​၏။ သို့ရာတွင် သုနန္ဒာမှာ ၅ ပေ ၇ လက်မသာရှိသည်ရာ ခြောက်ပေကျော်သော နရတ်ထက် ပို၍ အတော်လေးအကောင်သေးသည်။

" ဟုတ်ပါရဲ့။ ဒါနဲ့ မင်းက ဒီကိုဘယ်လိုရောက်နေတာလဲ"

" သွားရင်းလာရင်း ဆိုပါတော့"

နရတ်က ပခုံးတွန့်ပြလျက်ဆိုသည်။ သုနန္ဒာက သူ့ကို မသင်္ကာစွာကြည့်သည်။

" သွားရင်းလာရင်း တိုက်ပွဲကို ဝင်တိုက်ပေးခဲ့တယ်ပေါ့"

" ဟုတ်တယ်။ အဲ့လိုပဲ။ ကျွန်တော့်ကို မယုံဘူးလား"

The Everlasting One (volume 2 + 3 )Where stories live. Discover now