Chapter : 137

6.5K 900 207
                                    

Unicode

မျက်ရှင်၏သခင်

__________________

​၈ဧကမျှကျယ်ပြောသော မြေသားထုသည် အလွန်အမင်းအက်ကွဲလျက် မြေကြီးသားများ အောက်သို့ ကျွံဝင်နေသည်။

​သာမန်မြေထုဆိုပါက အောက်သို့ကျွံကျစရာ အကြောင်းမရှိသဖြင့် ထိုအောက်တွင် လှိုဏ်ခေါင်းပေါက်တစ်ခုရှိနေခြင်းသာ ဖြစ်ရမည်။ ထို့အပြင် ယင်းနေရာမှ အနီရောင်အလင်းတန်းတို့ စိမ့်ဝင်တောက်ပနေရာ အဆိုပါမြေအောက်လှိုဏ်ခေါင်းထဲ၌ ကမ္ဘာဦးစကတည်းက တည်ရှိခဲ့သော တုနှိုင်းမဲ့မျက်ရှင် တည်ရှိနေကြောင်း ရိပ်စားမိနိုင်သည်။

အဏ္ဏသည် ထိုမြေနေရာကို တအံ့တဩကြည့်နေမိသည်။ ဒေါဝံတွင် တုနှိုင်းမဲ့မျက်ရှင်ရှိကြောင်း သိရှိသော်လည်း မိမိနေထိုင်ရာ ဂူနှင့် အနီးကပ်ရှိနေကြောင်းကို သူမသိခဲ့ပါချေ။

အဏ္ဏ အံ့အားသင့်၍ အတွေးလွန်နေခိုက်တွင် မင်းသားအရုဏထံမှ ကျယ်လောင်ခက်ထန်သော အသံတစ်သံကို ကြားလိုက်ရသည်။

" မျက်ရှင်ကို မင်းတို့ မယူနိုင်စေရဘူး"

အရုဏ​၏ကြုံးဝါးသံကြောင့် ကောင်းကင်ယံရှိ မြင်းပျံပေါ်မှ မင်းယောဇာသည် အရုဏကို ငုံ့ကြည့်လာသည်။

ယောဇာပြုံးသည်။ သူ​၏ပါးချိုင့်များဟာ နူးညံ့ဟန်ရှိသော်လည်း တစ်ချိန်တည်းတွင်ပင် ပရိယာယ်များပြည့်နှက်သည့်နှယ် ခန့်မှန်းရခက်နေသည်။ သူဟာ ဖြည်းဖြည်းအေးအေးလေးဆိုလာသည်။

" ကျွန်ုပ်ကို တားနိုင်ရင် တားကြည့်ပေါ့ အစ်ကိုတော်"

အရုဏ ဘီလူးကိုယ်နှင့်သာမက သူ​၏လက်နက်ဖြစ်သော ထိပ်နှစ်ဖက်တွင် ဓားအသွားပါသည့် လက်နက်ကို အလျင်ထုတ်၍ လက်ထဲ၌ မြဲမြံစွာဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ,တိုက်ခိုက်ရန် အသင့်အနေအထားယူလိုက်ပြီး

" ယုဂန် ဒီကနေ ထွက်သွားတော့"

ဟုဆိုသည်။

ယုဂန်မှာ အလွန်တရာ ရတက်မအေးဖြစ်နေသည်။

" ဒါပေမဲ့ မောင်...."

" သွား။ မောင် မင်းကို မထိခိုက်စေချင်ဘူး"

The Everlasting One (volume 2 + 3 )Where stories live. Discover now