Chapter : 154

3.2K 426 50
                                    

Trigger Warning  ⚠️: This chapter contains blood, violence, death and dying .

Unicode

အချိန်ကူးသန်းပေါက်တံခါး ပွင့်ဟလာခြင်း

______________

နတ်စစ်သည်များ ရောက်ရှိလာလေပြီ။

ထိုသူတို့ရောက်ရှိလာသည်ကိုမြင်သော် အတိတ်ဘဝမှ မင်းယောဇာမှာ စိုးထင့်သွားဟန်ရှိသည့်တိုင် နှုတ်ခမ်းကို မထီမဲ့မြင်မဲ့သည်။ သူက လောကကြီးအား အရွဲ့တိုက်သည့်ဟန်ဖြင့် ခပ်ဟဟရယ်လျက် ကောင်းကင်ယံကို မော့ကြည့်ပြီး လက်ညှိုးထိုးပြသည်။

" ဒီအချိန်မှတော့ ဘယ်သူမှ မတားဆီးနိုင်တော့ဘူး။ သိပ်မကြာခင်မှာတင် အချိန်တံခါးပွင့်ဟလာတော့မယ်"

နီမြန်းနေသော ကောင်းကင်တွင် တိမ်တိုက်များက လျင်မြန်လွန်းစွာသော အရှိန်နှင့် မနားတမ်းလည်ပတ်နေသည်။ လေတိုက်ခတ်နှုန်းက ကြမ်းတမ်းလွန်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ ပြိုပျက်သော အဆောက်အအုံအစအနများပင် လေထဲပျံဝဲကာ အိမ်ခေါင်မိုးများလည်း လန်၍ ပျံထွက်ကုန်ကြသည်။

အခြေမခိုင်သော သစ်ပင်အချို့ လဲကျကုန်​၏။ ထိုကြားထဲမှ ထပ်ပြီး မဟာပထဝီမြေကြီး တသိမ့်သိမ့်တုန်ယင်ကာ မကောင်းဆိုးဝါးအော်သံဟု ထင်မြင်ရသော ဆွဲဆွဲငင်ငင် ညည်းညူသံကြီးဟာလည်း မြေကြီးထံမှလည်းကောင်း၊ ကောင်းကင်ယံမှလည်းကောင်း ပြိုင်တူထွက်ပေါ်လာခဲ့သည်။

နတ်စစ်သည်များသည် သူတို့​၏လက်နက်များကို အသင့်အနေအထားပြင်ဆင်လိုက်ကြ​၏။ ထိုအခါ အသူရာများဟာလည်း တိုက်ခိုက်တော့မည့်အနေအထားသို့ ပြောင်းလဲသွားကြသည်။

အခြေအနေဟာ ရုတ်ချည်းတင်းမာလာပြန်သည်။

" တယ်!"

" ဒီပြိတ္တာတွေကို သူတို့ဘုံ သူတို့နေရာဆီ ပြန်ပို့လိုက်ကြစမ်း!"

မာထန်သော၊ ကျယ်လောင်သော၊ သန်မာသော ကြွေးကြော်သံများနှင့်အတူ နတ်စစ်သည်များဟာ အသူရာနတ်တို့ဆီ တဟုန်ထိုး ပျံဆင်းလာကြသည်။

အသူရာနတ်များဟာလည်း သားရဲကောင်ကြီးများသဖွယ် ဟစ်ကြွေးလျက် နတ်များဆီ ပြေးဝင်၍ ထိပ်တိုက်တွေ့ဆုံသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now