Chapter 44(part1)

3.3K 620 26
                                    

Chapter 44 (part 1)
_ ခွေးသားတုတ်ထိုး..

သူ့ရဲ့နားရွက်အနားမှာ အသက်ရှုသံနွေးနွေးကို
ခံစားလိုက်ရတာကြောင့် လုချန်ဟဲဘေးဘက်ကိုလှည့်ကြည့်လိုက်တယ်။ ပူတင်းလေးက သူ့ရဲ့နူးညံ့ပြီးစိုစွတ်နေတဲ့လျှာနဲ့ သူ့နားရွက်ကိုလျှက်နေတာဖြစ်တယ်။ သူမျက်နှာသေနဲ့ကြည့်နေတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ ပူတင်းလေးရုတ်တရက် မျက်လုံးတွေပြူးကျယ်သွားပြီး ချက်ချင်းအနောက်ကိုပြန်ဆုတ်သွားတယ်။ သူ့ရဲ့ပုံစံက အတော်လေးထိတ်လန့်နေပုံပေါ်လေတယ်။ဟမ်..သူ့ရဲ့စိတ်က တကယ်ကိုအပြောင်းအလဲမြန်တာပဲ..။

ပူတင်းလေးရဲ့ချဲ့ကားနေတဲ့ အမူအယာကိုမြင်လိုက်ရတာကြောင့် သူပြုံးလိုက်ပြီး ပူတင်းလေးကိုရေနဲ့ပက်လိုက်တော့တယ်။

" တစ်နေ့တော့မင်းရဲ့လျှာမှာ ငရုတ်သီးအနှစ်တွေသုတ်ထားအုန်းမယ်.. အဲ့တာမှမြင်သမျှအရာတွေကိုလိုက်မလျှက်မှာ.. "

ခြိမ်းခြောက်သံကိုကြားလိုက်ရတဲ့အချိန်မှာတော့ ကျောက်နင်းနားရွက်တွေ ချက်ချင်းထောင်လာတယ်။ အစပ်အရသာကကောင်းတယ်လေ! သူကအစားအသောက်စားရင် အစပ်လေးပါမှစားတတ်ပြီး အစပ်အရသာကို အတော်လေးကြိုက်နှစ်သက်သူ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဘုရားသခင်သာသိနိုင်တယ်..။ အခုသူ့ရဲ့အခြေအနေက ဟော့ပေါ့တစ်သက်လုံးစားလာတဲ့သူက ဟမ်ဘာဂါတွေပဲရှိတဲ့နိုင်ငံကို သွားနေရတာလောက်ကိုဆိုးရွားတယ်။ မဟုတ်ဘူး.. အခြေအနေကအဲ့ထပ်ဆိုးတယ်! ဒီနေရာမှာအဘွားလုပ်ပေးနေကျ ငရုတ်ဆီဘူးမျိုးတစ်ဘူးတောင်ရှိမနေဘူး..။

ကျောက်နင်း သူ့ရဲ့လျှာနဲ့ထိမိသွားတဲ့အရာကို ပြန်စဉ်းစားနေတယ်။ အဲ့တာက ပူနွေးပြီးနူးညံ့တယ်..။.သူ့အတွက်လည်း ရုတ်တရက်ဖြစ်သွားခဲ့တာဖြစ်လို့ စိတ်ထဲပြင်ဆင်ချိန်တောင်မရလိုက်ဘူး။ ငါလေးလည်းအခုလန့်နေတာပါနော်!

လုချန်ဟဲက သူ့ကိုဂရုစိုက်မနေတာကို မြင်လိုက်ရတာကြောင့် သူလုချန်ဟဲအနားကိုပြန်ကပ်သွားပြီး ဘေးမှာထိုင်ချလိုက်တယ်။ လုချန်ဟဲက ရေကန်ရဲ့ဘေးတစ်ဖက်မှာထိုင်နေပြီး သူ့မျက်လုံးတွေကိုမှိတ်ထားရင်း အနားယူနေတာဖြစ်တယ်။ အဲ့တာကြောင့် ကျောက်နင်းသူ့ရဲ့လက်လေးကိုဆန့်ထုတ်လိုက်ပြီး ရေတွေကိုထိလိုက်တော့တယ်။ ရေကအနည်းငယ်ပူနေပေမယ့်လည်း အထဲမှာဝင်စိမ်လိုက်ရင် အတော်လေးသက်သောင့်သက်သာရှိမှာဖြစ်တယ်။ သူလည်းရေထဲမှာဝင်စိမ်ချင်လေတယ်။ ဒါပေမယ့် အဲဒီ့အချိန်ကြရင် လုချန်ဟဲကသူ့အမွှေးတွေကိုခြောက်သွားအောင် dryerနဲ့မှုတ်ပေးမှာမဟုတ်လေဘူး။ သူကခဏတာသာယာမှု့အတွက် သူ့ဘဝကိုရောင်းစားလိုက်သလိုဖြစ်နေလိမ့်မယ်..။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now