Chapter 75

2.9K 581 8
                                    

Chapter 75

လုချန်ဟဲရဲ့ရှေ့မှာ
လူဖြစ်လာရတဲ့အကြီးမားဆုံးသောကွဲပြားခြားနားမှုက ကိုယ်တိုင်အစာကိုမှာယူနိုင်တာပဲ ဖြစ်တယ်။ လုချန်ဟဲကတော့ သူ့ကို နတ်သားလေးလို့
သတ်မှတ်ထားပေမဲ့ နတ်သားကလဲ
ခွေးနတ်သားဆိုတာပါပဲ...။

ခွေးတွေ မစားနိုင်တဲ့ဟာတွေကို
သူ စားလိုက်တဲ့အခါတိုင်း...
လုချန်ဟဲရဲ့အမူအရာကို လေ့လာရပြီး ပုံမှန်
စစ်ဆေးရသေးတယ်။ အခုတော့
ပူတင်းက လူပုံစံပြောင်းလဲသွားနိုင်ပြီဆိုတော့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံက လုံးဝကို ပြောင်းပြီသွားပြီလေ။
လူတွေစားတဲ့အစာတွေစားဖို့လက်ခံနိုင်ပြီး ပြဿနာလဲမရှိတော့တာကြောင့် လုချန်ဟဲလဲ
အရာရာတိုင်းကို မထိန်းချုပ်တော့ဘူး။

အတွင်းရေးမှူးက စာရွက်စာတမ်းတွေနဲ့ဝင်လာတဲ့အခါမှာဆိုဖာပေါ်မှာလှဲနေတဲ့အဖြူရောင်Samoyedခွေးလေးကိုကြည့်လိုက်ပြီး
ယုဂေါင် အတွက်တော့အံ့သြစရာမဟုတ်တော့ပါဘူး။
ဒီခွေးလေးကို bossရဲ့ရုံးခန်းမှာ
ပထမဦးဆုံးတွေ့တဲ့အချိန်တုန်းကဆိုရင် ဟုတ်ရဲ့လားဆိုပြီးမျက်လုံးကိုပွတ်ကြည့်ရသေးတယ်။

ဒီခွေးလေးကို အရင်ထဲက ကုမ္ပဏီကို ခေါ်လာဖူးတယ်။ ဒါကြောင့် ဒီကောင်လေးက bossအတွက်
အချစ်ဆုံးခွေးလို့ပြောလို့ရပြီး ကိုယ်ပိုင်လေယျာဉ်တောင်ဝယ်ပေးထားတာလေ။ ဒီခွေးလေးက bossကိုတစ်ချိန်လုံးကပ်နေတာ။ သူသာ အိမ်မှာပဲ
နေရင်း တစ်စုံတစ်ယောက်နဲ့ကစားရပြီး bossသာ အနားမှာမရှိဘူးဆိုရင် ပူတင်းလေး နေ့တိုင်းငိုနေရတော့မှာပဲ။ အဲ့လိုသာဆိုရင် ပူတင်းလေးကြောင့် bossလဲ
စိတ်ဓါတ်ကျနေတော့မှာပဲ။ ဒါကြောင့်လဲ
အသေးလေးကိုနေ့တိုင်မခေါ်ရရင်မနေနိုင်တာ။

အဓိကအချက်ကတော့ ပူတင်းလေးက
ကျော်ကြားတဲ့ခွေးဖြစ်ပြီး ဆုရ
ဇကာတင်ဇာတ်ကားနှစ်ကားကိုလဲရိုက်ထားနိုင်သေးတယ်လေ။

မကြာသေးခင်ကဘဲ လုချန်ဟဲရဲ့အတွင်းရေးမှူးတွေကစာရွက်စာတမ်းတွေကို မကြာခဏပေးရတယ်။
ဖိုင်တွဲတွေရဲ့အရောင်တစ်ခုစီတိုင်းမှာ
မတူညီတဲ့လုပ်ငန်းတွေရဲ့စာရွက်စာတမ်းတွေကိုကိုယ်စားပြုပေမဲ့ ကိစ္စတော်တော်များများကတော့ boss ကိုယ်တိုင်လက်မှတ်ထိုးရပြီး
အသေးဖွဲလေးတွေမဟုတ်ဘူး။
မှတ်တမ်းပြုစုပြီးသွားတဲ့ စာရွက်စာတမ်းတွေကို
Bossစီ ယူသွားပြီး အတွင်းရေးမှူးက စောင့်ရတယ်။
အဲ့အချိန်မှာ ဆိုဖာပေါ်မှာ လှဲနေတဲ့ခွေးလေးက
သူ့ခေါင်းကိုလှည့်လိုက်ပြီး boss ကို ပြောလိုက်တာက...

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now