Chapter 59 ( part 1)

2.2K 527 14
                                    

Chapter - 59 (part 1)

လုချန်ဟန် သူ့အပေါ်လှောင်ပြောင်ခဲ့မှု့အတွက်
ကျောက်နင်း ပြန်ပြီးလက်စားချေချင်နေတယ်။
သူတို့အစက နေပူစာလှုံဖို့ ခြံထဲကိုသွားခဲ့တာဖြစ််တယ်။ ဒါပေမယ့် သူ့ကိုလှောင်ပြောင်နေတဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျောက်နင်းချက်ချင်း
ပြန်လှည့်ပြီး လုချန်ဟဲဆီကိုပြန်ပြေးသွားတော့တယ်။

လုချန်ဟဲ အလုပ်လုပ်ဖို့laptopကိုဖွင့်ပြီး သိပ်မကြာခင်အချိန်မှာပဲ ပူတင်းလေးကဟန်ဆောင်ငိုယိုပြီး သူ့ဆီကိုပြေးလာတာကိုမြင်လိုက်ရတယ်။

လုချန်ဟဲ မတတ်နိုင်ဘဲ ပူတင်းလေးကိုသာ
ဖက်ထားပေးလိုက်တော့တယ်။

"ဘာဖြစ်လာတာလဲ?"

ပူတင်းလေးရဲ့သနားစရာကောင်းအောင်
သရုပ်ဆောင်တတ်တဲ့skillတွေက ပိုပိုပြီးတိုးတက်လာတာဖြစ်တယ်။ သူကအဲဒီ့အဖိုးတန်သရုပ်ဆောင်စွမ်းရည်တွေနဲ့ ဇာတ်ကားနှစ်ကားမှာသရုပ်ဆောင်ခဲ့ပြီး
ဆုတောင်ရခဲ့သေးတာဖြစ်တယ်။

ကျောက်နင်းခြံထဲကိုညွှန်ပြလိုက်ရင်း သူ့ရဲ့လက်လေးနဲ့သူ့မျက်နှာကိုထိလိုက်ပြီး အဲဒီ့နောက်မှာတော့
သူက လုချန်ဟဲရဲ့လက်မောင်းထဲကို
အတင်းတိုးဝှေ့နေလေတော့တယ်။

"အာဝု အာဝူး..."

လုချန်ဟဲကမေးလိုက်တယ်။

"တစ်ယောက်ယောက်က
မင်းကိုရယ်လိုက်လို့လား?"

ကျောက်နင်း ချက်ချင်းပြင်းထန်စွာ
ဟောင်လိုက်တော့တယ်။

"ဝုတ်!"
ဒီလိုလှောင်ပြောင်မှု့မျိုးကိုလွှတ်ထားပေးလို့မဖြစ်ဘူး!

မကျေနပ်ချက်တွေပြောပြနေတဲ့ ပူတင်းလေးရဲ့မျက်နှာကို လုချန်ဟဲက မရယ်ဘဲ သူ့ကိုသာဆက်ပြောစေတယ်။ အဲဒီ့နောက်မှာတော့ သူက
သူ့လက်မောင်းထဲရောက်နေတဲ့ ပူတင်းလေးရဲ့
ခေါင်းလေးကိုပွတ်သပ်ပေးလိုက်တော့တယ်။

" အစေခံတွေက
မင်းကိုလှောင်လို့လား?"

"ဝုတ် ဝုတ်..."
မဟုတ်ဘူး..
အစေခံတွေနဲ့အဲဒီ့အစ်မတွေကအကုန်ကောင်းတယ်...
မင်းရဲ့ညီကသာ အကြင်နာတရားမရှိတာ!

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now