Chapter 83

2.1K 351 18
                                    

Chapter 83

ကျောက်နင်း ရိုက်ကူးရေးတွင်
အတွေ့အကြုံရှိပေမဲ့လည်း
တစ်ချို့အရာတွေက စနစ်တကျ လေ့လာရုံနဲ့တင်မရသလို၊ ဆရာက သင်ပေးလို့လဲ မရချေ...။ သူက actorတစ်ယောက်ဟာ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာရဲ့ ရာထူးအပေါ်မှာ အခြေခံတာ မဟုတ်ကြောင်း နားမလည်သေးဘူး။
သူ အရင်က ရုပ်ရှင် ရိုက်ခဲ့ဖူးပေမဲ့ ခွေးတစ်ကောင်က ဘယ်လိုပြုမူရမလဲပဲ သင်ပေးထားတာ သေချာတယ်။ အခြေခံအားဖြင့် သူက လက်ပေး သင်ခံရပြီး အစားအစာနဲ့ သူ့ကို သွေးဆောင်ဖြားယောင်းတဲ့ လူတွေ ရှိခဲ့တယ်။ သူက သူ လုပ်ချင်တာ လုပ်လိုက်ရုံပဲ။ ပြီးပြီးသားဖြစ်နေပြီ။ ဒါပေမဲ့ အခု တကယ့်လူသားတစ်ဦးအနေနဲ့ စစ်မြေပြင်ပေါ်မှာ ရှိနေစဉ်မှာ သူ ဒါကို ခွဲခြားသိမြင်နိုင်ရမယ်လေ...။ အနည်းဆုံးတော့ ဒါရိုက်တာ သူ့ကို ပေးထားတဲ့ ဇာတ်ညွှန်းကို နားလည်နိုင်ရမယ်။

ကျောက်နင်းက လုပ်ငန်းတိုင်းဟာ အပြင်လူတွေအတွက် ခက်ခဲလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့...
သင်တန်းက တဖြေးဖြေးနဲ့ လမ်းကြောင်းအမှန်ပေါ်ကို ရောက်လာတဲ့အခါမှာ...သူ Qianjun ကို ဖြတ်သန်းပြီး Dumuquiaoကို ဖြတ်ကျော်လာခဲ့တဲ့အချိန်တုန်းက ဖိအားနဲ့ သိပ်သည်းမှုမျိုးကို ခံစားလိုက်ရတော့တယ်။
ဒါက စာအုပ်ကို မင်း လက်ထဲ ချန်ထားလို့မရတဲ့ ပြဿနာ မဟုတ်ဘူး။ မင်း ခွေးပုံစံနဲ့ အိပ်နေတဲ့အချိန်မှာ...မင်းက ခွေးလက်သည်းလေးတွေ အကြောင်း အိမ်မက်မက်နေသေးမှာ ဖြစ်ပြီး၊ မင်း လူဖြစ်လာတဲ့အချိန်မှာတော့ မင်းက ယောင်ပြီး
စကားတွေ ပြောနေလိမ့်မယ်။

ဒါက သူ့ရဲ့ကုမ္ပဏီအတွင်းရှိ ပုဂ္ဂလိက ဟောပြောပွဲတစ်ခုတွင် ဖြစ်တယ်။ သူ တခြားသူတွေကို စိတ်ပူစရာမလိုဘဲ သင်ယူခြင်းအပေါ်မှာပဲ အာရုံစိုက်နေလေတယ်။ ကျောက်နင်း အနုပညာအသိုင်းအဝိုင်းမှာ ရောနှောနေစဉ်မှာ ဒီသရုပ်ဆောင်လူငယ်လေးတွေက သူတို့ရဲ့ပညာရေးကို ဘယ်လို ဆက်လက် ထိန်းသိမ်းထားနိုင်ကြလဲဆိုတာကို တွေးတောင် မတွေးနိုင်ဘူး။ ဒါက တကယ့်ကို အံ့သြစရာကောင်းတယ်!

လုချန်ဟဲက သူ့မျက်ဝန်းတွေကို ကြည့်နေပေမဲ့
ဘာစကားမှ မပြောချေ။ ဒီလမ်းဟာ ပူတင်းလေး ကိုယ်တိုင် ရွေးချယ်ထားခဲ့တဲ့လမ်းဖြစ်လေတယ်။
အကယ်၍ သူလေးက သူလေး ဆက်မလုပ်နိုင်တော့ကြောင်း သူ့ကို ပြောဖို့ စတင်ခဲ့ရင်...လုချန်ဟဲက သူလေးကို ဆက်လုပ်ဖို့ ဖိအားပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ကြည့်နေမိတယ်။ အပြင်းအထန် ကြိုးစားရုန်းကန်နေရတဲ့ ပူတင်းလေးကို ကြည့်ပြီး...
သူလေး စိတ်ရှုပ်ထွေးနေတာကို
နည်းနည်းလေး ပျော်မိပေမဲ့ တစ်ချိန်ထဲမှာပဲ
စိတ်အနှောင့်အယှက် ဖြစ်နေရတယ်။ ဒီလိုအရာတွေကို ဘာမှလုပ်စရာမလိုဘဲ နေလို့ရတယ်လေ...။ ဒါဆို ဘာလို့များ ဒီလောက်တောင် ကြိုးစားနေရတာလဲ?

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now