Chapter 17

4.7K 913 10
                                    


Chapter 17 : ပူတင်းလေးနေမကောင်းဖြစ်နေပြီ

ကျောက်နင်း မနက်စောစော အပြေးလေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် သူ့ရဲ့မနက်စာကိုမြန်မြန်ပြီးအောင်စားနေလေတယ်။
အဲဒီ့နောက် လုချန်ဟဲက သူ့ရဲ့လက်တွေ၊ပါးစပ်တွေကိုသုတ်ပေးပြီးတဲ့အချိန်မှာတော့ သူက အရင်လိုတစ်ရေးပြန်မအိပ်တော့ဘဲ ဆိုဖာပေါ်မှာထိုင်ရင်း လှေကားကိုသာစိုက်ကြည့်နေတော့သည်။

လုချန်ဟဲအဝတ်အစားလဲပြီးပြန်ဆင်းလာတဲ့အချိန်မှာတော့ ကျောက်နင်း ကမန်းကတမ်းထထိုင်လိုက်ပြီး သူ့အမြှီးကိုလှုပ်ယမ်းရင်း လုချန်ဟဲကိုကြည့်နေတော့တယ်။

သူက အိမ်တော်ထိန်းကြီးလက်ထဲက နာမည်ကပ်ပါတဲ့လည်ပတ်ကြိုးကိုယူလိုက်ပြီး ပူတင်းလေးကိုဝတ်ပေးလိုက်တယ်။

ကျောက်နင်းက အမြဲလွတ်လွတ်လပ်လပ်နေခဲ့ရတာဖြစ်လို့ တစ်ခုခုနဲ့ချည်နှောင်ခံထားရခြင်းအပေါ်
နေသားမကျလေဘူး။ ဒါပေမဲ့လည်း သူ
မတတ်နိုင်ဘဲ သူ့အမွှေးတွေကိုသာ
လှုပ်ခါလိုက်တော့တယ်။ လုချန်ဟဲကလည်း
ပူတင်းလေးရဲ့ပထမဆုံးအကြိမ်
လည်ပတ်ဝတ်ရခြင်းအပေါ် နေသားမကျမှန်းသိတာကြောင့် သူ့ကိုကောက်ချီပြီး
နှစ်သိမ့်ပေးလိုက်တော့တယ်။

" အဆင်ပြေသွားမှာပါ အမွှေးတွေကိုခါမနေနဲ့တော့... ခဏလောက်နေရင် မင်းနေသားကျသွားလိမ့်မယ် "

အစေခံတွေက ပူတင်းလေးအတွက်
လိုအပ်တဲ့ပစ္စည်းတွေကို ကားပေါ်တင်ပေးနေကြတယ်။ သူတို့က
ပူတင်းလေးထိုင်တဲ့ကူရှင်ကို ကားအနောက်ခန်းထဲထည့်ပေးပြီးတဲ့အချိန်ကြမှ ပူတင်းလေးကိုကားပေါ်တင်ပေးလိုက်တော့တယ်။

ကျောက်နင်း ခွေးအဖြစ်ပြောင်းသွားပြီးတော့မှ ပထမဆုံးအကြိမ် အပြင်ပြန်ထွက်ရတာဖြစ်လို့ ပြတင်းပေါက်အပြင်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့်လည်း လုချန်ဟဲက ပူတင်းလေးပြတင်းပေါက်ကနေ အပြင်ကိုခုန်ထွက်သွားမှာစိုးရိမ်တာကြောင့် ပြတင်းပေါက်မှန်တွေကိုပိတ်ချလိုက်တော့တယ်။

ဒီလောက်သက်သောင့်သက်သာရှိတဲ့ရာသီဥတုမျိုးမှာ အပြင်လေကို
မခံစားရတာတကယ်ကိုဆိုးတာပဲ!

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now