Chapter 46 (part 1) - အလုပ်ကြိုးစားနေတဲ့ ပူတင်း
ဒီအချိန်မှာ လုချန်ဟဲ ခရီးစဉ် ရည်ရွယ်ချက်က
ပူတင်းလေးအတွက်ပဲ ဖြစ်တယ်။သူ လုချန်ဟဲဆီက ငြင်းပယ်တဲ့ စာလေး
တစ်ကြောင်းထဲနဲ့ ဘယ်လိုလုပ် လက်လျှော့နိုင်ပါ့မလဲ? ပူတင်းလေးရဲ့ အချိန်ဇယား အသေးစိတ်ကို အခြေကျအောင် လုပ်ပြီးနောက် သူ ထွက်လာခဲ့တော့တယ်။ကျောက်နင်း လုချန်ဟဲ အပေါ်ထပ်တတ်သွားတဲ့
အနောက်ကို လိုက်သွားတယ်။ လုနဉ်ချီ က သူ့ကို ဖြတ်သွားတော့ , လုနဉ်ချီ တစ်ခုခု ပြောဖို့
တွန့်ဆုတ်နေတာကို သူ တွေ့လိုက်ရတယ်။ ကျောက်နင်း ရပ်လိုက်ကာ သူ့ကို ကြည့်လိုက်တယ်။ သို့ပေမဲ့ လုနဉ်ချီက သူ့ကို ပြုံးပြရုံသာ ပြုံးပြပြီး၊ ဘာမှမပြောဘဲ သူ့အခန်းထဲကို
ပြန်လှည့်သွားတယ်။ကျောင်နင်း လုနဉ်ချီ အခြေအနေနဲ့ ပတ်သတ်ပြီး သိပ်တော့ မရှင်းလင်းဘူး...။ တကယ်လို့ သူသာဆိုရင်, ဟိုးအရင်ချိန်ထဲက ထွက်သွားမှာ ဖြစ်တယ်။ တကယ်လို့ မင်းကိုယ်ပိုင်အိမ်မှာ မင်း လွတ်လွတ်လပ်လပ် နေလို့ရရင်, ဘာလို့ တစ်ယောက်ယောက်ရဲ့ အိမ်မှာ အဆင်မပြေဘဲ နေရမှာလဲ?
ဒါပေမဲ့ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် မတူကြတာပဲ ဖြစ်ရမယ်။ သူက ဒီအခြေအနေကို ဘေးကနေ ကြည့်ရှုသူ အဖြစ်နဲ့ပဲ ကြည့်မိတာကြောင့် မတူညီတာဖြစ်မယ်။သူ့အမြီးလေးကို ဝှေ့ယမ်းလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ဒါက သူနဲ့ မသက်ဆိုင်ဘူးလေ...။
လူတိုင်း ရှင်သန်နေရတဲ့ဘဝ အခိုက်အတန့် တစ်ခုမှာတော့...
တစ်ချိန်ချိန်မှာ Goodbyeလို့ ပြောဖို့ လိုအပ်ကြတာပဲဖြစ်တယ်။ရုပ်ရှင် ရိုက်ကူးတဲ့နေ့ဟာ နေသာပြီး အဆင်ပြေနေတယ်။
ဆီးနှင်းများက လမ်းဘေးမှာ စုပြုံနေဆဲဖြစ်သော်လည်း.... နေရောင်က
အအေးဓာတ်ကို လွင့်ပြယ်စေဖို့ လုံလောက်တယ်။အပြင်မထွက်ခင် , အမေလုက သူ့ကို
အဝတ် ဝတ်ဆင်ပေးတယ်။ သူမက စတိုင်မျိုးစုံနဲ့ အမွှေးပွ ဝတ်စုံလေးတွေ အပုံလိုက်ကြီး ဝယ်ထားခဲ့တယ်လေ...။ ဒါတွေက Samoyed ဝတ်စုံတွေ ဖြစ်တယ်။ သူက Samoyedဖြစ်ပြီးသား
အချိန်တောင်မှ, Samoyed ဝတ်စုံကို ဘာလို့ ဝတ်နေရတာလဲ?