Chapter 22

4.1K 871 19
                                    

Chapter 22: ဒီ ပေါကားဆန်လွန်းတဲ့ဇာတ်ကြောင်း

ကျောက်နင်း သူ့ ပထမဆုံး
သွားလေး ဆုံးရှုံးပြီးကထဲက,လုချန်ဟဲ အိပ်ခန်းရဲ့ ပြတင်းပေါက်အမြင့်ပေါ်မှာ
နောက်ထပ်ပစ္စည်းလေးတစ်ခုရှိတယ်။
အရမ်း သဘာဝကျ သန့်စင်နေတဲ့
ဗူးသေးသေးလေးက
တောက်ပတဲ့စိန်တွေလိုမျိုး လက်ရာမြောက်လွန်းနေတယ်..။
မရေတွက်နိုင်တဲ့ရှုထောင့် အမျိုးမျိုးကနေ နံရံပေါ်ကို ကြယ်ရောင်စုံက နေရောင်ခြည်လိုမျိုး ကျရောက်နေတယ်...။

ဒီဗူးသေးသေးလေးက ကာလာစုံ မှန်တွေပါပြီး, သွားပုံစံလေး
ရှိနေတယ်။ အဲဒါလေးက လက်သန်းလေးရဲ့ တစ်ဝက်လောက်ပဲ ရှိပြီး ကျောက်နင်း ဆုံးရှုံးခဲ့ရတဲ့ ပထမဆုံး 'ကလေး'သွားလေးကို အထဲမှာ ထည့်ထားတာ ဖြစ်လေတယ်...။

လေပြေလေညင်း လေးတွေ တိုက်ခတ်နေချိန်မှာ, ကျောက်နင်းက ပြတင်းပေါက်မှာ , တလှုပ်လှုပ်နဲ့ တွဲလောင်းလေး နေနေတယ်။
လုချန်ဟဲ စားပွဲရဲ့ ပထမဆုံး အံဆွဲထဲမှာ , အရွယ်အစား
ခြားနားပေမဲ့ ပုံစံတူတဲ့ ဗူးလေးတွေ ရှိတယ်...။
အဲဒါလေးတွေက တော်တော်လေး သေးငယ်ပေမဲ့ ခွေးစွယ်သွား နဲ့တူတာတွေ
မထည့်ရသေးဘူး။

လုချန်ဟဲ ပြောပြချက်အရဆိုရင်တော့,
သူ့ရဲ့သွားတွေ အတွက်
ပြင်ပေးထားတာတဲ့။
သွားစွယ်တိုင်းကို ဗူးလေးတစ်ဗူး
ပြင်ပေးထားတယ်....။ သူ့ရဲ့ သွားလေးတွေ
အကုန် လဲသွားတဲ့အချိန်ကျရင်,
အလွန်လက်ရာမြောက်ပြီး
လှပတဲ့ ဗူးသေးသေးလေးက
အနုပညာလက်ရာတစ်ခု
ပြီးမြောက်သွားအောင်
စီစဉ်ထားတာဖြစ်တယ်...။
(ကျောက်နင်း ကျိုးသွားတဲ့ ခွေးသွားစွယ်တွေ
အကုန်ပြည့်သွားရင် ပန်းချီတစ်ခုလုံးက ရုပ်လုံးပေါ်လာမယ်လို့ ပြောတာပါ)

လုချန်ဟဲ ဘာကြောင့် ဒီလောက်တောင် အထူး special ဂရုထားပြီး သူ့သွားစွယ်လေးတွေဖို့ ပေးချေထားရသလဲဆိုတာ
ဒီအကြောင်းပြချက်ကြောင့်ပဲ။ ဒါကြောင့်လည်း
အိမ်တော်ထိန်းက သူ့ကို အရမ်း စောင့်ရှောက်ပေးနေခဲ့တာ...။ ဒီကလေး သွားလေးတွေက မပျောက်လဲ
မပျောက်သလို၊ မျိုချလို့လဲ မရပါဘူးလေ..။

မူလခွေးလေးအစား လုချန်ဟဲရဲ့ ဆန္ဒပြည့်ဝအောင် ဖြည့်စည်းဖို့အတွက် ခက်ခဲလေတယ်။ ထို့နောက်မှာတော့, ခွေးလေးကို ပိုမို စည်းကမ်းတကြီးနဲ့ ကြည့်ရှုစောင့်ရှောက်နေရတယ်။
ပါးစပ်ဖွင့်ကြည့်ပြီး ကလော်ထုတ်လို့မှ မဖြစ်နိုင်တာလေ။ သွားတွေ ဘယ်အချိန် ကျွတ်ထွက်မလဲဆိုတာ ဘယ်သူက သိမှာလဲလို့?

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now