Chapter 36 (part 1):
အဆူခံလိုက်ရတဲ့လုနျဉ်ချီ၊ (ဒါပေမဲ့
လက်တွေ့ဘဝက ထင်ထားတာနဲ့မတူကွဲပြားနေတယ်။)လုနျဉ်ချီက ကြီးမားတဲ့မိုးမျှော်တိုက်ရဲ့အရှေ့မှာ
ရပ်ရင်း....အနည်းငယ်ကြောက်ရွံ့တုန်လှုပ်နေတယ်။ ဒါပေမဲ့
သူ့ဘေးမှာရှိတဲ့ကောင်လေးနဲ့ကောင်မလေးကတော့ စိတ်လှုပ်ရှားပြီးစကားပြောနေကြတယ်...။
ဒါဟာ လုကုမ္ပဏီရဲ့ဌာနချုပ်မဟုတ်ပေမဲ့လဲ ဒီမိုးမျှော်တိုက်ကြီးကိုတော့ လုမိသားစုပိုင်တာဖြစ်တယ်...။ အထပ်ပေါင်း
ငါးဆယ်ကျော်လောက်ရှိတဲ
ဒီအဆောက်အအုံအမြင့်ကြီးဟာ....
လုချန်ဟဲဆိုတဲ့လူ တစ်ဦးတည်းပိုင်တဲ့ဟာဖြစ်တယ်...။တစ်ခါတုန်း...အိမ်မှာကျောင်းဆရာကပြောဖူးတာက သူလည်း ဒီကိုတစ်ခါမှမရောက်ဖူးဘူးတဲ့....။ မနေ့ကကျောင်းသားသမဂ္ဂအစည်းအဝေးအတွက်
သူတို့အကူအညီတောင်းမဲ့နေရာက
ဒီနေရာလို့ဘယ်သူက ထင်မိမှာလဲ...။ကောင်မလေးတစ်ယောက်က လုနျဉ်ချီရဲ့လည်ပင်းကိုဖက်လိုက်ပြီး မိုးမျှော်တိုက်ကနေကြည့်ဖို့ခေါ်လာတယ်...။
သူမမှာက ရင့်ကျက်ပြီး လှပသန့်ရှင်းကာ သပ်သပ်ရပ်ရပ်ဝတ်စားထားတယ်။သူမသက်ပြင်းချပြီး...
"ငါ ဘွဲ့ရပြီး...
ဒီမှာအလုပ်လုပ်မယ်ဆိုရင် အောင်အောင်မြင်မြင်နဲ့
ငွေကြေးအထောက်အပံ့ကောင်းတွေရမှာပဲဟယ်"ဘေးမှာ ရပ်နေတဲ့မျက်မှန်နဲ့ရုပ်ချောပြီး
လူကြိုက်များတဲ့ကောင်လေးက စကားပြောရင်းရယ်တယ်...။"ငွေကြေးအထောက်အပံ့ရဖို့ကမခက်ခဲပါဘူး။ ဒီက
ဥက္ကဌလုက teng တက္ကသိုလ်ကနေဘွဲ့ရတာ...။
ပြီးတော့ ငါတို့ရဲ့အထက်လူကြီးလို့သတ်မှတ်ထားလို့လဲရပါတယ်"စာရွက်တွေကိုင်ထားတဲ့ဆံပင်တိုတိုနဲ့မိန်းကလေးက
သူတို့နောက်ကိုလိုက်လာပြီးမျှော်လင့်ချက်အပြည့်နဲ့မိုးမျှော်တိုက်ကိုကြည့်ရင်းသံသယရှိသလိုနဲ့ပြောလာတယ်။"ဒါပေမဲ့ အရင်က စုဆောင်းထားတဲ့အချက်အလက်တွေအရကျောင်းသားသမဂ္ဂက လုချန်ဟဲဆီကနေ
ငွေကြေးအထောက်အပံ့မယူဖူးမဲ့ပုံမပေါ်ဘူးနော်"။