Chapter 43(part 2)

3.3K 620 8
                                    

Chapter 43 ( Part 2 ) :
နှင်းကျနေတဲ့ညရဲ့ ပူပူနွေးနွေး ဟော့ပေါ့

ကျောက်နင်း သူတို့ ဟိုင်းဝေးလမ်းမကြီးကို ရောက်တဲ့အချိန်မှသာ, သူတို့သွားမဲ့နေရာက ဝေးမှန်း သိတော့တယ်။ သူက
သူတို့သွားမဲ့လမ်းကြောင်းကို ခန့်မှန်းကြည့်ဖို့
ပြတင်းပေါက်ကို ငေးကြည့်ရတာက
အရမ်းပျင်းလွန်းတယ်လေ...။ အဲဒီအစား လုချန်ဟဲပေါင်ပေါ်ကို သူ့ခေါင်းလေး တင်ပြီး၊ အနားယူဖို့ သူ့မျက်လုံးတွေ ပိတ်လိုက်တယ်။

လုချန်ဟဲက စတင်ပြီး သူ့ရဲ့နားရွက်လေးကို ပွတ်သပ်ကာ ဖိချေပေးနေတယ်။ ပူတင်းလေး စိတ်ရှုပ်လာတဲ့အချိန်တိုင်း,
နားရွက်က ဆက်ခနဲ လှုပ်ရှားတတ်တယ်။ ဒီလိုဆိုရင်
လုချန်ဟဲက တစ်ဖက်ကို ပြောင်းပေးတတ်တယ်။ နားရွက်သေးသေးလေးတွေက ဆက်ခနဲ လှုပ်ကာ ထောင်နေပေမဲ့ ခွေးလေးက မျက်လုံးတွေကို မဖွင့်ဘူး။ ဒါကြောင့် လုချန်ဟဲ ပူတင်းလေးရဲ့ မျက်နှာလေးကို ဖိညစ်ကာ,
" ငပျင်းလေး...
မင်း မသိခင်မှာပဲ မင်း
ရောင်းစားခံလိုက်ရအုံးမယ်"

ကျောက်နင်း ဟွန့်ခနဲ နှစ်ခါ လုပ်ကာ သူ့ဗိုက်ကလေးကို လှည့်လိုက်ပြီး သူ့ဘေးမှာ လဲလျောင်းလိုက်တယ်။ ကားရဲ့အပူကိုဖွင့်လိုက်တဲ့အချိန်မှာ သူကအနည်းငယ် မွန်းကြပ်ပြီး စိတ်မသက်မသာခံစားရတယ်။ ဒါပေမဲ့လဲ လုချန်ဟဲရဲ့ ကောင်းတဲ့ ရနံ့လေးက သူ့ကိုအနည်းငယ်ငိုက်နေစေတယ်။ သူ့ခန္ဓာကိုယ်ပေါ် လုချန်ဟဲရဲ့ လက်အလေးချိန်ကို ခံစားလိုက်ရတဲ့ချိန်မှာ သူ ရိုးရိုးရှင်းရှင်းနှင့်ငြိမ်းချမ်းစွာအိပ်ပျော်သွားခဲ့တယ်....။

သူ နိုးလာတဲ့အခါမှာ သူတို့ကားထဲမှာပဲ ရှိနေကြဆဲဖြစ်တယ်။ ကျောက်နင်း ပြတင်းပေါက်ကနေ ကြည့်ဖို့ခေါင်းကိုလှည့်လိုက်တယ်။
ကောင်းကင်က... ဟမ်, ဘယ်အချိန်မှန်းမသိဘူး....အပြင်မှာတောက်ပနေတုန်းပဲ။ နှင်းကျနေတုန်း မွန်းလွဲပိုင်း အချိန်အနည်းငယ်ဖြစ်ရမယ်!
ကျောက်နင်း ပါးစပ် ကျယ်ကျယ်ဖွင့်လိုက်ပြီး...
သမ်းဝေလိုက်တယ် ။ သူက လုချန်ဟဲ ရဲ့ခြေထောက်ကို သူ့လက်ဖဝါးနဲ့ ဖိလိုက်ကာ သူ့ခါးကို ဆန့်ထုတ်လိုက်တယ်။ သူက
အမွှေးလေးကိုလှုပ်ခါပြီး အပြင်ဘက်ရှုခင်းကိုကြည့်ရှုဖို့ လုချန်ဟဲ ခြေထောက်ပေါ်တက်လိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now