Chapter 76
လုချန်ဟဲရဲ့ အခန်းဟာ သူ့စတိုင်တစ်ခုလုံးနှင့်
မလိုက်ဖက်၊ မကိုက်ညီတဲ့ ကစားစရာအရုပ်တွေနဲ့
ပြည့်နှက်နေပြီး၊ ဂိမ်းပစ္စည်းအမြောက်အမြားလဲ
ရှိနေသေးတယ်။ တကယ်တမ်း ဒီပစ္စည်းတွေက
ဟိုးအရင်ထဲက ရှိခဲ့ပြီး ဖြစ်တယ်။လုချန်ဟန် က VR စက်ကို တပ်ဆင်ပေးပြီးတဲ့အခါမှာ..
Tvမှာ ကစားလို့ရတဲ့ somatosensory ဂိမ်းတွေကိုတောင်မှ လုပ်ပေးခဲ့သေးတယ်။ကျောက်နင်းက ခွေးတစ်ကောင်အနေနဲ့ ဒါတွေကို
ကစားလို့ မရခဲ့ပေမဲ့လည်း....အခု သူက လူ ဖြစ်လာပြီလေ...။ သူ ဒီ စွဲလမ်းစရာကောင်းတဲ့ ဂိမ်းတွေကို
ဟိုးအရင်ထဲက ကစားချင်ခဲ့တာ ကြာပြီ။ထို့ကြောင့် အိမ်တော်ထိန်းက ပထမထပ် ဧည့်ခန်းထဲက
လှုပ်ရှားသံတွေကို ကြားလိုက်ရတယ်။ သူ ဒါကို သွားစစ်ဆေးကြည့်တဲ့အချိန်မှာ....သခင်လေးက ဂိမ်းခန်းထဲမှာ ဂိမ်းစက်ကို လက်ထဲ ကိုင်ထားတာကို တွေ့လိုက်တော့... သူ အံ့သြသင့်သွားတော့တယ်။" သခင်လေး...
အကူအညီလိုသေးလား?"လုချန်ဟဲက အပုံလိုက်ဖြစ်နေတဲ့ ပစ္စည်းတွေကို ကောက်ယူနေရင်းကနေ အိမ်တော်ထိန်းကို
တစ်ချက် ကြည့်လိုက်တယ်။" မလိုပါဘူး...
သွား အနားယူတော့..."အိမ်တော်ထိန်းက ပြောလိုက်တယ်။
" ကောင်းပါပြီ သခင်လေး"ပြီးနောက် လုချန်ဟဲ အခန်းထဲ လှည့်ပြန်သွားတာကို
ကြည့်လိုက်တယ်။အိမ်တော်ထိန်းက ဂိမ်းအခန်းထဲ ဝင်ပြီး လိုက်လံကြည့်ရှုစစ်ဆေးလိုက်တယ်။ ဘာမှ သိမ်းစရာ မကျန်တော့ဘူးဆိုတာကို သိလိုက်တော့မှ သူက သူ့အခန်းထဲကို ပြန်ဝင်သွားလေတယ်။ သူ သူ့စိတ်ထဲကနေ စဉ်းစားနေမိတယ်။ ကြည့်ရတာ သခင်လေးက မယုံနိုင်စရာ အရာတစ်ခုခုကို အမြဲလုပ်နေတာ မဟုတ်ဘူးပဲ။
ဂိမ်း ကစားတာက သခင်လေးရဲ့ စိတ်ဝင်စားမှုကို
နှိုးဆပေးနိုင်တာတော့ မဟုတ်လောက်ဘူး မှတ်လား?
အလုပ် ဖိအားတွေက အရမ်း လေးလံလွန်းတော့
စိတ် အနားယူနေတာ ဖြစ်ရမယ်။လုချန်ဟဲက ဂိမ်းစက်ကို ကိုင်ပြီး ဝင်လာတော့
တွေ့လိုက်တော့ ကျောက်နင်း မြန်မြန် ကြိုဆိုလိုက်တယ်။