Chapter 45(part 2)

3.1K 636 7
                                    

Chapter 45(part 2)

လော့ကျိုက လတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေကို
လှီးဖြတ်ပြီး အမဲရိုးစွပ်ပြုတ်အိုးထဲကိုထည့်လိုက်တယ်။ အနံ့မွှေးမွှေးလေးကတစ်ခန်းလုံးဆီပြန့်သွားတယ်။ အပြင်ဘက်မှာကျောက်စရစ်ခဲတွေနဲ့ဆော့နေတဲ့ကျောက်နင်းကတော့ နှာခေါင်းတစ်ရှုံရှုံနဲ့အနံ့ခံနေတယ်။

ဟမ် .... အရမ်းမွှေးတာပဲ....
အရသာကိုမမြည်းရဘဲအနံ့ခံနေရတာဆိုးတာပဲ...။

ရုတ်တရက် သူ့ရဲ့စူးရှတဲ့မျက်လုံးနဲ့ တစ်ခုခုကိုထောက်လှမ်းလိုက်တယ်။ နို့နှစ်အဖြူရောင်ကျောက်တုံးလေး၊ နည်းနည်းအလင်းဖောက်ပြီးကြည့်လိုက်တော့ အဖြူရောင်စစ်စစ်ကြီးမဟုတ်ဘဲအနီရောင်လေးလဲရောထားတယ်။ ကြည့်ရတာတော့ အရမ်းလှတယ်...

အဓိကအချက်မှာ အဲ့ဒီကျောက်တုံးလေးကအသဲပုံလေး။ အနားလေးတွေကဝိုင်းနေတာပဲ....။
သူ့ရဲ့ခြေဖဝါးနဲ့မြန်မြန်ဆွဲထုတ်လိုက်ကာ
ရေကန်ဘေးမှာချလိုက်ပြီး ရေပန်းနဲ့ဆေးဖို့ဂရုတစိုက်ထိုင်လိုက်တယ်။ သူကြည့်လိုက်တော့လုချန်ဟဲကထမင်းစားခန်းဆီသွားနေတာကိုတွေ့လိုက်ရတယ်။ ကျောက်တုံးကိုနှစ်စက္ကန့်လောက်ကြည့်ပြီး
ရေထပ်ဆေးလိုက်တယ်။ ပြီးတော့မှခေါင်းကိုငုံ့ကာကျောက်တုံးကိုကိုက်ပြီး ခြေလေးချောင်းနဲ့လုချန်ဟဲစီပြေးသွားတော့တယ်။

လုချန်ဟဲက ပူတင်းလေးပြေးလာတဲ့အချိန်မှာ
ထိုင်နေပြီး လော့ကျိုက....

"မင်းရဲ့ပူတင်းလေး ခေါက်ဆွဲစားတယ်မလား?
စားတယ်ဆိုရင်သူ့အတွက်တစ်ပန်းကန်ပေးမလို့၊
အမဲရိုးစွပ်ပြုတ်ထဲမှာ ဘာအရသာမှုန့်မှမနယ်ထားဘူး။"

လုချန်ဟဲခေါင်းငြိမ့်လိုက်ပြီး ...
"ကောင်းပြီလေ၊တစ်ပန်းကန်ပေးလိုက်"

ကျောက်နင်းမတ်တပ်ရပ်ပြီး သူ့ရဲ့ရှေ့ခြေထောက်ကိုလုချန်ဟဲရဲ့ပေါင်ပေါ်တင်လိုက်တယ်။ သူ့ရဲ့ခြေဖဝါးကိုသုံးပြီးလုချန်ဟဲရဲ့လက်ကိုကိုင်လိုက်ကာ....
"Mmph"

လုချန်ဟဲကပူတင်းလေးရဲ့ခေါင်းကို နှစ်ခါလောက်ပွတ်လိုက်ပြီး သူ့ပါးစပ်ထဲမှာတစ်ခုခုကိုက်ထားတယ်ဆိုတာတွေ့လိုက်ရတယ်။ သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်တော့
အသဲပုံကျောက်တုံးလေးတစ်ခုလက်ဖဝါးပေါ်ကျလာတယ်။ လုချန်ဟဲ နည်းနည်းလန့်သွားပြီးပြုံးလိုက်ကာ....

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now