Chapter 29: ချန်ဟဲအမေ အိမ်ပြန်ရောက်လာပြီ
နေ့လည်တုန်းက သူ့စိတ်ထဲမှာရှိနေတဲ့ အကြောင်းအရာအကုန်လုံးကို ထုတ်ပြောလိုက်မိလို့လားမသိပေမယ့် အဲဒီ့နောက်မှာတော့...
လုနျဉ်ချီက ပူတင်းလေးကို သူ့ရဲဘော်ရဲဘက်တစ်ယောက်လိုဆက်ဆံလာလေတယ်။ အရင်က ပူတင်းလေးအိမ်ထဲမှာပြေးဆော့နေရင်တောင်မှ သူကအဝေးတစ်နေရာကနေပဲ ကြည့်နေတတ်တာဖြစ်တယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ သူပူတင်းလေးအနားကိုချဉ်းကပ်လာရင်တောင်မှ ပူတင်းလေးက မငြင်းဆန်တာကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူပူတင်းလေးအနားမှာထိုင်နေရင်း တစ်ခါတစ်လေ မသိမသာ သူ့အမွှေးလေးတွေကို
ပွတ်သပ်ပေးနေလေတယ်။အိမ်မှာဆို ဒီကလေးက
တစ်ယောက်တည်းဖြစ်နေတာကြောင့် ကျောက်နင်းက သူ ချဉ်းကပ်လာတာကိုမငြင်းဆန်လေဘူး။ဒီအိမ်မှာနေရထိုင်ရခက်နေတဲ့ လုနျဉ်ချီရဲ့ပုံစံက အတော်လေးသနားစရာကောင်းလေတယ်။ အိမ်တော်ထိန်းကြီးကလည်း သူအပေါ်မှာတင်းကြပ်တဲ့ပုံစံဖြစ်နေပြီး စကားပြောရင်လည်း
ဘာအမူအယာမှမရှိဘဲ အေးစက်စက်သာ
ပြောဆိုတာဖြစ်တယ်။ ဒီအိမ်မှာအစေခံတွေလည်းအများကြီးရှိပေမယ့် သူတို့က
တိတ်ဆိတ်စွာနဲ့သူတို့အလုပ်ကိုသာ လုပ်ကြပြီး သူတို့သခင်လေးတွေအတွက်
လိုအပ်တာတစ်ခုခုရှိမှသာ အနားကိုရောက်လာကြတာဖြစ်တယ်။ လုနျဉ်ချီအတွက် ဒီတစ်အိမ်လုံးမှာစကားပြောနေတဲ့သူက သူတစ်ယောက်တည်းသာရှိလေတယ်။ အဲ့တာကြောင့် ခွေးလေးက
သူ့ကိုမငြင်းဆန်တာကိုတွေ့လိုက်ရတဲ့အခါ သူ့အတွက်စကားပြောစရာသူငယ်ချင်းတစ်ယောက်ရလိုက်သလို ခံစားလိုက်ရတာဖြစ်တယ်။လုနျဉ်ချီရဲ့အပြုအမူတွေကို သေချာစောင့်ကြည့်ပြီး အိမ်တော်ထိန်းကြီးက လုချန်ဟဲကိုပြန်ပြောရမှာဖြစ်လေတယ်။ လုခ်န္ဟဲ လုန်ဥ္ခ်ီကို ဒီအိမ္မွာ
နေခွင့်ပေးထားတာက သူ့ကိုတစ်ယောက်တည်းသီးသန့်ခွဲမထားချင်လို့ဖြစ်တယ်။ သူ ပူတင်းလေးကိုထိခိုက်အောင်မလုပ်သ၍ သူ
ပူတင်းလေးအနားမှာနေတာကပြဿနာမရှိလေဘူး။ လုချန်ဟဲက အိမ်တော်ထိန်းကြီးကို ပူတင်းလေးကိုသေချာဂရုစိုက်ခိုင်းပေမယ့် လုနျဉ်ချီရဲ့အပြုအမူတွေကို တားဆီးရမယ်လို့တော့မပြောခဲ့လေဘူး။