Chapter 62 ( part 1)

2.6K 541 14
                                    

Chapter - 62 (part 1)

ကျောက်နင်း သူ့ရဲ့ခြေတံတိုလေးတွေကို
လှုပ်ယမ်းရင်း လှေကားကနေ
ဆင်းမလို့ပြင်နေပေမယ့်လည်း...၊
လုချန်ဟဲက ပုံမှန်လမ်းအတိုင်းမပြန်ဘဲ
သူ့ကိုချီပြီးcableကားလေးထဲကိုခေါ်လာတယ်။

သူတို့တောင်ပေါ်မှာနှစ်ညနဲ့ တစ်ရက်အကြာ
နေခဲ့ပေမဲ့လဲ...၊ လုချန်ဟဲက သူ့ကိုလိမ်လည်ပြီး
အသားမပါတဲ့သားသတ်လွတ်အစားအသောက်တွေကိုသာကျွေးခဲ့တာဖြစ်တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်သဘာဝရှု့ခင်းတွေကိုလည်း အပြည့်အဝခံစားလို့ရခဲ့တာကြောင့် သားသတ်လွတ်အစားအသောက်တွေကလွဲရင် ဒီခရီးကသူ့အတွက် အတော်လေးစိတ်ကျေနပ်စရာကောင်းတဲ့ခရီးစဉ်ဖြစ်ခဲ့တာဖြစ်တယ်။

ဒါပေမယ့် စိတ်မကောင်းစရာကောင်းတာတစ်ခုက Allahကခွေးလေးကိုကိုက်ခဲ့တဲ့အတွက် အပြစ်ပေးခံနေရပြီလားဆိုတာကို သူ မသိဘူး။ သူ့သခင်က
သူ့ကိုကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့ပုံပေါ်တာကြောင့် သူပြင်းပြင်းထန်ထန်အပြစ်ပေးခံရတာမျိုးတော့ ဖြစ်နိုင်မှာမဟုတ်လေဘူး။

Cableကားကမနှေးမမြန်မောင်းနှင်နေတာကြောင့် မိနစ်20လောက်စီးရမှာဖြစ်ပြီး cableကားပေါ်ကတစ်ဆင့်တောင်ပေါ်တောင်အောက် ရှု့ခင်းအလှတွေကိုမြင်နိုင်မှာဖြစ်တယ်။ ကျောက်နင်း
သူ့ရဲ့ထိုင်ခုံပေါ်ကထရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ တိမ်လွှာတွေကြားမှာရှိနေတဲ့တောင်တန်းတွေကိုမြင်ရပြီး အောက်မှာသွားလာနေကြတဲ့လူတွေက ပုရွက်ဆိတ်အရွယ်အစားလောက်ကိုသေးငယ်နေကြတာဖြစ်တယ်။ Cableကားပေါ်က
လှမ်းမြင်နေရတဲ့အခြားတစ်ဖက်မှာ ဘုရားကျောင်းတွေများစွာရှိတဲ့အပြင် ရှု့ခင်းကြည့်လို့ရတဲ့နေရာတွေရှိတာကြောင့် အဲဒီ့နေရာမှာပုံမှန်တောင်တက်တဲ့နေရာတွေထပ် ပိုပြီးလူဦးရေထူထပ်နေတာဖြစ်တယ်။ အဲဒီ့နေရာက လူအများစုက အိမ်ကမိသားစုဝင်တွေနဲ့လာကြတဲ့လူတွေအပြင် အဖွဲ့အစည်းအလိုက်တူညီတဲ့အလံတွေကိုင်ပြီး သွားလာကြတဲ့ခရီးသွားအဖွဲ့တွေပဲဖြစ်ကြတယ်။

ကျောက်နင်း လှည့်ကြည့်လိုက်တဲ့အချိန်မှာ လုချန်ဟဲကအပြင်ဘက်ကရှု့ခင်းတွေကြည့်နေတာကိုတွေ့လိုက်ရတယ်။ အဲ့တာကြောင့် သူအကြည့်ပြန်လွှဲဖို့ပြင်လိုက်ပေမယ့်လည်း လုချန်ဟဲက
သူ့ကိုလှည့်ကြည့်လာတာကြောင့် ကျောက်နင်း
ချက်ချင်းပဲ သူ့ရဲ့မူပိုင်samoyedအပြုံးလေးပြုံးပြလိုက်တော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now