Chapter 10

5.2K 1K 79
                                    

Chapter 10 : ပူတင်းလေးမှာ ကိုယ်ပိုင်weibo accရှိနေပြီ..

ကျောက်နင်း ပေါင်ချိန်စက်ပေါ်က နံပါတ်တွေကိုကြည့်လိုက်ပြီး အပြစ်ကင်းစင်နေတဲ့မျက်လုံးတွေနဲ့ သူနဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ လုချန်ဟဲကို
လှည့်ကြည့်လိုက်တယ်..။

တိရစ်ဆာန်ဆရာဝန်က သူ့ကိုပွေ့ချီပြီး လုချန်ဟဲဆီကိုပြန်ခေါ်လာပေးတဲ့အချိန်အထိ သူ့ရဲ့ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ပမာဏကို ကျော်သွားပြီလား မကျော်သေးဘူးလားဆိုတာ သူ
လုံးဝမသိရလေဘူး..။

လုချန်ဟဲ သူ့ခေါင်းလေးကို နှစ်သိမ့်သလို
ပွတ်သပ်ပေးလိုက်ပြီး ဝမ်ထျင်းကို
ကြည့်လိုက်တယ်..။ ဝမ်ထျင်းက ရှုပ်ပွနေတဲ့ဆေးပစ္စည်းကိရိယာတွေကို နေရာတကျထားလိုက်ရင်း ပြောလိုက်တယ်..။

" 18.5 jin...(11.1kg) အဲ့လောက်weightက
သုံးလသားအရွယ်samoအတွက် နည်းနည်းများနေပေမယ့် သူ့ရဲ့ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပမာဏအတွင်းမှာဘဲရှိနေပါသေးတယ်... သူက တကယ်ကျန်းမာရေးကောင်းတဲ့
ကလေးလေးပဲ.... သူ ဒီနောက်ပိုင်း အစားပိုစားလာတာကလည်း လေ့ကျင့်ခန်းလုပ်ရတာကြောင့်
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...ဒါပေမဲ့ အဲ့တာက
စိတ်ပူစရာမလိုဘူး.. သူ အကုန်အဆင်ပြေပါတယ်.."

ဝမ်ထျင်းရဲ့စကားတွေက သူ့စိတ်ထဲက
ရယ်ချင်စိတ်ကို မဖုံးကွယ်နိုင်လေဘူး..။

[ ဟုတ်ပါတယ်...ဝမ်တင်းကCEOကြီးကို အဖြစ်သည်းတယ်လို့တွေးနေတာပါ:") ]

ဒီအခန်းထဲမှာရှိတဲ့ဆေးပစ္စည်းကိရိယာတွေက ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့တိရစ်ဆာန်ဆေးခန်းနဲ့ နှိုင်းယှဉ်လို့ရလောက်တဲ့အထိပြည့်စုံနေပြီး လိုအပ်ရင်ဒီနေရာမှာတင် ခွဲစိတ်ကုသမှု့တွေ
လုပ်နိုင်လောက်အောင်အထိ ပစ္စည်းကိရိယာအစုံအလင်ရှိလေတယ်..။

လုမိသားစုရဲ့ ဒီပစ္စည်းကိရိယာတွေဝယ်ယူစုဆောင်းထားမှု့က သူတို့ရဲ့ခွေးလေးကို လတိုင်းကျန်းမာရေးစစ်ဆေးဖို့ လွယ်ကူစေရုံသာဖြစ်တယ်..။ ဝမ်ထျင်းက လူချမ်းသာတွေရဲ့ အိမ်မွေးတိရစ်ဆာန်ပေါင်းများစွာကိုကုသပေးလာခဲ့တဲ့ဆရာဝန်တစ်ယောက်
ဖြစ်ပေမယ့်.... အိမ်မွေးတိရစ်ဆာန်အတွက် ဒီလိုအခြေအနေအထိဂရုစိုက်ပေးမှု့ကိုတော့ ပထမဆုံးအကြိမ်ကြုံဖူးတာဖြစ်တယ်..။ အထက်တန်းလွှာကခွေးချစ်တဲ့အမျိုးသမီးတွေတောင် သူတို့ခွေးကိုဒီလောက်အထိဂရုမစိုက်ပေးနိုင်ကြလေဘူး..။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now