Chapter 12

4.6K 903 14
                                    

Chapter 12 : လုမိသားစုဝင် အစ်ကိုကြီးရဲ့အတွင်းသတင်းများပေါက်ကြားခြင်း

Samoyedခွေးလေးတွေက မျိုးကောင်းမျိုးသန့်ခွေးလေးတွေဖြစ်ပြီး လူတွေနဲ့အနေနီးတာကြောင့် ပူတင်းလေးက အိမ်ကိုလာတဲ့ မသိတဲ့သူစိမ်းအပေါ်မှာ
အရူးလေးလိုမျိုးပြုံးပြနေတာကို
သူ အာရုံမစိုက်မိခဲ့လေဘူး။

ဒါပေမဲ့ ပူတင်းလေးက သူ့အစွယ်တွေဖြဲပြပြီး စိတ်ဆိုးနေတဲ့ပုံစံကို လုချန်ဟဲမြင်လိုက်ရတဲ့အခါမှာတော့ ကို့ယို့ကားယားနိုင်လှတဲ့သူ့ညီက ပူတင်းလေးကိုတစ်ခုခုနာကျင်အောင်လုပ်လိုက်တယ်လို့ထင်သွားတာကြောင့် သူ့ညီကိုတွန်းထုတ်လိုက်ပြီး ပူတင်းလေးကိုကားထဲကနေကောက်ချီကာ မြေကြီးပေါ်ကိုချပေးလိုက်လေတယ်။

လုချန်ဟဲ သူ့ကိုမြေကြီးပေါ်ကို
ချပေးလိုက်တဲ့အချိန်မှာပဲ ကျောက်နင်း
လုချန်ဟဲရဲ့ခြေထောက်ကို
တစ်ချက်ပုတ်လိုက်တယ်။

သူ့ကို အဝေးကိုခေါ်သွားချင်တဲ့အတွေးတွေ
ပျောက်သွားအောင်လို့ လုချန်ဟဲက
သူ့ကိုဘယ်လောက်အထိချစ်တယ်ဆိုတာ ဒီလူ့ကိုသေချာပြပေးဖို့လိုအပ်လာပြီပဲ!

အိမ်မှာရှိနေတဲ့ကာလတစ်လျှောက်လုံးမှာလည်း ပူတင်းလေးက သူ့ကို တအားကပ်တာကို လုချန်ဟဲ သိနေတာကြောင့် ဒီလိုအပြုအမူကိုတွေ့တဲ့အခါ သူက ပုံမှန်လုပ်နေကြအတိုင်းပဲ... ပူတင်းလေးကိုကောက်ချီလိုက်တယ်။

အဲ့တာက လုချန်ဟန်ကို
လုံးဝအံ့အားသင့်သွားစေတယ်။ သူ့အစ်ကို၂
အိမ်မွေးတိရစ်ဆာန်တစ်ကောင်ကို ချီထားတဲ့မြင်ကွင်းကိုမြင်လိုက်ရတာက တကယ်ကိုထူးဆန်းတယ်...ah! သူ့လက်ကျန်ဘဝတစ်လျှောက်လုံးမှာ ဒီမြင်ကွင်းကို သူလုံးဝမေ့နိုင်တော့မှာမဟုတ်ဘူး။ ဒါပေမဲ့
ဒီမြင်ကွင်းက မထင်ရလောက်အောင်ကို
လိုက်ဖက်နေတယ်။ ရုပ်ချောတဲ့သူတွေက
ဒီလိုမျိုး ဘာလုပ်လုပ်
အမြဲကြည့်ကောင်းနေကြတာပဲလား?

နောက်ပြီးခွေးလေးရဲ့ဘာကိုမှဂရုမစိုက်တဲ့အကြည့်ကလည်း ဒီမြင်ကွင်းနဲ့ပနံသင့်နေလေတယ်။

" အစ်ကို၂ရဲ့ခွေးက ကျွန်တော့်ကိုအထင်သေးသလိုကြည့်ရတာကို ကျေနပ်နေသလိုပဲနော်! "

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now