Chapter 62 ( part 2)

2.4K 534 8
                                    

Chapter 62 (part 2)

ပူတင်းလေးတစ်ယောက်ထဲ အော်ဟစ်နေတာကို
ကြည့်နေရင်း သူ ရှက်ပြီးဒေါသထွက်သွားတယ်လို့
လုချန်ဟဲထင်သွားတာကြောင့် သူက
အလေးအနက်ပြောလိုက်တယ်။

" ကောင်းပြီ...မတူညီတဲ့မျိုးစိတ်နှစ်ခုကြားမှာ
ဘာမှဖြစ်လာနိုင်မှာတော့မဟုတ်ဘူး...
နောက်ပိုင်းအခွင့်အခါကြုံရင် ငါမင်းကို
သူမဆီကိုခေါ်သွားပေးပါ့မယ်...
ဒါပေမယ့် လူသားတစ်ယောက်ကတော့
မင်းကိုပြန်ကြိုက်လာမှာမဟုတ်ဘူး.."

ကျောက်နင်းသူ့ကိုပြန်လည်ချေပချင်တာကြောင့် နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့နေ့တစ်နေ့ကို စောင့်မျှော်နေဖို့ကိုသာသူတွေးလိုက်တော့တယ်။ သူ
လူတစ်ယောက်ပြန်ဖြစ်ဖို့ ထိန်းချုပ်နိုင်တဲ့အချိန်ကြရင် ညလယ်လောက်မှာလုချန်ဟဲကိုယ်ပေါ်ခုန်တက်ပြီး သူ့အရှေ့မှာတင်လူအသွင်ပြောင်းပြလိုက်မယ်..။ ပြီးရင်
သူ့ကိုအိပ်ရာပေါ်မှာဖိထားပြီး
သူ့မေးစေ့ကိုချုပ်ကိုင်ရင်း....

"မတူညီတဲ့မျိုးစိတ်နှစ်ခုကြားမှာ ဘာဖြစ်လာနိုင်လဲ
ဆိုတာကို ငါမင်းကိုပြောပြမယ်!" လို့သေချာပေါက်ပြောပစ်မယ်။

အဲဒီ့နောက် လုချန်ဟဲရဲ့ထိတ်လန့်နေတဲ့အကြည့်တွေကိုကြည့်ရင်း ဝံပုလွေက
သူ့ရဲ့အစာဆီကိုခုန်အုပ်လာသလို...
ငါလဲ မင်းကို....Hehehehehehehehehe!

မျက်လုံးတွေကရီဝေဝေဖြစ်နေပြီး ပါးစပ်ကအနည်းငယ်ပွင့်ဟနေရင်း လျှာထွက်နေတဲ့ပူတင်းလေးရဲ့ကြောင်တောင်တောင်အမူအယာကိုကြည့်ရင်း လုချန်ဟဲတွန်ဆုတ်စွာနဲ့ သူ့ရဲ့ခေါင်းလေးကိုလက်ညှိုးနဲ့ထိုးကြည့်လိုက်တော့တယ်။ ခွေးတွေက
အရမ်းဉာဏ်မကောင်းနိုင်ဘူးဆိုတာသေချာတယ်...
တကယ်လို့ သူတို့က အရမ်းဉာဏ်ကောင်းနေပြီဆိုရင်လည်း မဖြစ်နိုင်တဲ့ကိစ္စတွေကိုပါ လွယ်လွယ်စိတ်ကူးယဉ်တတ်ကြတယ်..။ သူတို့ရဲ့စိတ်ကူးတွေကို တစ်ယောက်ယောက်ကဖျက်ဆီးလိုက်တဲ့အချိန်ကြမှ
သူတို့ကအရူးလေးတွေလိုမျိုးကျန်နေခဲ့ရမှာ..။

ဒီနေ့ရဲ့အဓိကဇာတ်လိုက်ကတော့လုမူပဲဖြစ်တယ်။ ဓာတ်ပုံဆရာကသူပြီးပြည့်စုံတယ်လို့ထင်တဲ့ ရှု့ထောင့်တွေကနေဓာတ်ပုံရိုက်နေတဲ့အချိန်မှာပဲ လုချန်ဟဲက
ခွေးလေးကိုခေါ်ပြီးရောက်လာတယ်။ သူက
အခုပူတင်းလေးနဲ့အတူ ဓာတ်ပုံရိုက်မယ်လို့ကတိပေးထားခဲ့တာကြောင့် လုချန်ဟဲ
အဝတ်အစားလဲလိုက်ပြီး ဆံပင်အနည်းငယ်ပြင်ဆင်လိုက်တဲ့အချိန်မှာတော့ သူကအတော်လေးကြည့်ကောင်းနေခဲ့တာဖြစ်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now