Chapter 28

4.2K 805 8
                                    

Chapter 28: ဒေါသကြောင့်
ပေါက်ကွဲထွက်သွားတဲ့ ပူတင်းလေး

သူ့ပူတင်းလေး ဒေါသထွက်နေတယ်...။
အဲဒါလေး ဒေါသထွက်နေတာက အသေးအမွှားတော့ မဟုတ်လောက်ဘူး။ သူ ပူတင်းလေး
လက်ဖဝါးလေးတွေကို သန့်ရှင်းပေးပြီး
သွားတိုက် ပေးပြီးနောက်, သူလေးက အမြှီးလေးကို အောက်ချပြီး သူ့ကိုယ်ပိုင်ခွေးအိမ်လေးထဲ တွားသွားဝင်သွားတယ်။ ကုတင်ပေါ်ကိုတောင် မသွားတော့ဘူး။

လုချန်ဟဲ ကုတင်ဘေးမှာ ထိုင်ကာ
သူ့ကိုယ်သူ စောင်တစ်ခုလုံးထဲမှာ မြုပ်နှံပြီး
ဖင်သေးသေးလေး
တစ်ဝက်ကိုပဲ ဖော်ထားတဲ့ အသေးလေးကို
စောင့်ကြည့်နေလိုက်တယ်...။

သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ကုတင်ဘေးကို
ပုတ်လိုက်ကာ,

"ပူတင်းလေး, ဒီကိုလာ"

ကျောက်နင်းက သူ့ကိုယ်ပိုင် ခွေးအိမ်လေးထဲမှာပဲ
မလှုပ်မရှားနေနေတယ်..။

"အာဝူး!"
မလုပ်ချင်ဘူးဗျာ!

"ဒီမှာ ဘာဖြစ်နေလို့လဲ?
တစ်ယောက်ယောက်က မင်းကို ဒေါသထွက်အောင် လုပ်လို့လား?"

ကျောက်နင်း ဒေါသတွေ မဆုံးနိုင်အောင်
ထွက်သွားတော့တယ်။

" ဝုတ်! ဝုတ်! ဝုတ်!"
မင်း ငါ့ကို သင်းကွပ်ရဲ သင်းကွပ်ကြည့်!
ငါ အဝေးကို ထွက်ပြေးမှာ!
လုံးဝကို အိမ်ကနေ ထွက်သွားတော့မှာ!

အသေးလေးက လုံးဝမလာတာကို ကြည့်ပြီး
လုချန်ဟဲ ခွေးအိမ်လေးနားကို လမ်းလျှောက်သွားယုံသာ တတ်နိုင်တယ်။ အပြင်ကို ဖော်ထုတ်ထားတဲ့ အသေးလေးရဲ့ တင်ပါးလေးကို လက်ညိုးလေးနဲ့
ထိုးပြီး,

"မင်း ဒေါသခိုးဝေနေတာပဲ အာ,
ကိုယ့်ဆီလာပါအုံး...
မင်းကို ဘယ်သူက ဒေါသထွက်အောင်
လုပ်တာလဲ
ကိုယ့်ကို ပြောပြ, မပျော်အောင်
ဘယ်သူ လုပ်တာလဲ?"

"အာဝူး..အာဝူး...အာဝူး!"
မင်းကလွဲလို့ ငါ့ကို မပျော်အောင်၊ ဒေါသထွက်အောင်
လုပ်မဲ့သူ ရှိလို့လား?
အဲဒါ မင်းပဲကွ!

ရန်တွေ့နေတာနဲ့ တူတဲ့ ဟောင်သံကို ကြားလိုက်ရတော့, လုချန်ဟဲ ပြုံးချင်နေတာကို ဖုံးကွယ်ဖို့
နူတ်ခမ်းတွေကို ဖိကိုက်မိလိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now