Chapter 68

2.7K 530 12
                                    

Chpater 68

ကျောက်နင်း စောင်ထဲမှာလူးလှိမ့်နေရင်း ရုတ်တရက်ထိတ်လန့်သွားတယ်။ အရေးအကြီးဆုံးအချက်က အခုသူတို့ကအိမ်မှာမဟုတ်ဘဲ hotelမှာဖြစ်တာကြောင့်
သူ့မှာဝတ်စရာအင်္ကျီမရှိဘူး..။

သူ့ကိုယ်ပေါ်ကိုစောင်နဲ့လွှမ်းခြုံလိုက်ရင်း အခန်းထဲကိုကြည့်လိုက်တဲ့အချိန်မှာ ဘာလှုပ်ရှားမှု့မှမတွေ့ရတာကြောင့် ကျောက်နင်းသူ့ရဲ့ကိုယ်ကို စောင်နဲ့ပတ်လိုက်ပြီး အခန်းထဲကိုလှည့်ပတ်ရှာရင်း....နောက်ဆုံးမှာတော့ hotelကစီစဉ်ပေးထားတဲ့ ရေချိုးခန်းသုံးဝတ်စုံကိုတွေ့လိုက်ရတယ်။ ရာသီဥတုကအေးနေပေမယ့် ကံကောင်းတာကhotelကစီစဉ်ပေးထားတဲ့ ရေချိုးခန်းသုံးဝတ်စုံကထူထဲပြီး သူ့ခြေသလုံးအနားရောက်တဲ့အထိရှည်နေတာဖြစ်တယ်။ ခါးပတ်ကြိုးကိုတင်းတင်းချည်လိုက်ပြီး မှန်ကိုအမြန်ပြေးကြည့်လိုက်တဲ့အချိန်မှာတော့ ရုတ်တရက်အံ့အားသင့်မှု့ကြောင့် ကျောက်နင်းပါးစပ်အဟောင်းသားဖြစ်သွားတော့တယ်။

သူ နောက်ဆုံးအကြိမ် လူအဖြစ်ပြောင်းခဲ့တဲ့အချိန်တုန်းက သူ့ရဲ့ပုံစံက ဆယ်ကျော်သက်အရွယ်ဖြစ်နေခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ သူကအနည်းငယ်အရွယ်ရောက်လာတဲ့ပုံစံနဲ့တူနေတာဖြစ်တယ်။ အရမ်းကြီးအသက်ကြီးတဲ့အရွယ်မဟုတ်ပေမယ့် သူ့ပုံစံက19,20ပတ်ဝန်းကျင်လောက်ရှိနေပြီး သူ့ရဲ့မျက်နှာအသွင်အပြင်က
အတော်လေးလှပနေတဲ့အပြင် အနည်းငယ်မိန်းမဆန်တဲ့ပုံစံမျိုးဖြစ်နေလေတယ်။

သူ့ရဲ့မျက်ဝန်းတွေကလည်း မဟူရာနက်မှောင်
မဲနက်နေပြီး အထဲမှာစိမ့်စမ်းလေးရှိနေသလိုမျိုးတောက်ပနေတာဖြစ်တယ်။ အရင်တစ်ခေါက်ကထက် သိသိသာသာ ပိုရှည်လာတဲ့အရပ်ကြောင့်လည်း
ကျောက်နင်း အတော်လေးစိတ်ကျေနပ်နေလေတယ်။ အနည်းဆုံးသူ့အရပ်က175cmလောက်ရှိနေတာဖြစ်ပြီး နောက်ထပ်လည်းပိုရှည်လာနိုင်အုန်းမှာဖြစ်တယ်။

180cmအထိရှည်လာဖို့ဆိုတာ
အိမ်မက်ပဲဖြစ်နေတော့မှာမဟုတ်ဘူးကွ!

ခပ်ဖွဖွပြုံးလိုက်တဲ့အချိန်မှာ သွားစွယ်လေးပေါ်လာတာကြောင့် သူအဲ့တာကိုလျှာလေးနဲ့လျှက်လိုက်တယ်။ အဲဒီ့နောက်မှာတော့ သူ့မျက်နှာကို စိတ်ကျေနပ်မှု့အပြည့်နဲ့ ဘယ်ပြန်ညာပြန်လှည့်ကြည့်နေပြီး မှန်ထဲက
သူ့ပုံရိပ်ရဲ့ဆွဲဆောင်မှု့အောက်ကနေ သူ
မရုန်းထွက်နိုင်ဘဲ ဖြစ်နေလေတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now