Chapter 32 (part 1)

3.3K 742 2
                                    


Chapter 32 : ​ခွေး​လေးကို ကန်​လိုက်​ခြင်းရဲ့ အဆုံးသတ်​ (part 1)

လုချန်ဟဲ သူ့ဆီကိုပြေးလာနေတဲ့ ပူတင်းလေးကိုပွေ့ချီလိုက်တယ်။ ပူတင်းလေးကဒီရက်ပိုင်းမှာ အတော်လေးခွန်အားအပြည့်နဲ့ တက်ကြွနေတာဖြစ်တယ်။ ဒါပေမယ့် အခုပူတင်းလေးသူ့ဆီကိုပြေးလာနေတဲ့ပုံစံက ပုံမှန်မဟုတ်လေဘူး။ သူ့ကိုကြည့်ရတာ တစ်ခုခုနာကျင်နေတာကိုထိန်းချုပ်ထားပြီး သူ့ဆီကိုဂရုတစိုက်လာနေတဲ့ပုံစံမျိုးဖြစ်နေလေတယ်။

ပူတင်းလေးပုံစံကိုမြင်လိုက်ရတဲ့အခါ လုချန်ဟဲရင်ထဲမှာချက်ချင်းတင်းကြပ်သွားတော့တယ်။ သူ့အမေပြောပြတဲ့ အခြေအနေအစအဆုံးကိုနားထောင်ပြီးတဲ့အချိန်မှာတော့ သူပူတင်းလေးရဲ့တစ်ကိုယ်လုံးကို ဂရုတစိုက်စစ်ဆေး​နေလေတယ်။ ဒါပေမယ့် သူပူတင်းလေးရဲ့ဗိုက်ကိုထိလိုက်တဲ့အချိန်မှာပဲ ပူတင်းလေးကဂရုတစိုက်နဲ့ အသက်ပြင်းပြင်းရှူနေတဲ့ပုံစံကိုမြင်လိုက်ရတာကြောင့် လုချန်ဟဲမျက်နှာချက်ချင်းအေးစက်သွားတော့တယ်။

ချီကျီက လုချန်ဟဲကိုမြင်လိုက်ရတဲ့အခါ အတော်လေးထိတ်လန့်သွားလေတယ်။ အဲဒီ့လူကသူ့ထပ်ငယ်ပေမယ့်လည်း သူ့မျက်နှာမှာတစ်စုံတစ်ယောက်ကို အပြစ်ပေးတော့မယ့်ပုံစံမျိုးမြင်လိုက်ရတာကြောင့် သူချက်ချင်းပဲတောင့်ခဲသွားတော့တယ်။ ဒါပေမယ့်လည်း သူစိတ်တင်းပြီးနှုတ်ဆက်လိုက်တယ်။

" မစ္စတာလု.., ကျွန်တော်ဒီနေ့ဆွတ်လာတဲ့ရေမွှေးအနံ့ကြောင့် ခင်ဗျားရဲ့ခွေးလေးကစိတ်မသက်မသာဖြစ်သွားတဲ့ပုံပဲဗျာ.. အကုန်လုံးကနားလည်မှု့လွဲသွားတာပါ "

လုချန်ဟဲ ပူတင်းလေးကိုပွေ့ချီထားတဲ့အချိန်မှာပဲ ပူတင်းလေးကမတရားခံရသလိုမျိုး လုချန်ဟဲရဲ့ကိုယ်ကိုသူ့ခေါင်းလေးနဲ့ပွတ်သပ်နေတာကြောင့် ပူတင်းလေးကိုနှစ်သိမ့်ပေးတဲ့အနေနဲ့ သူ့ကျောလေးကိုပွတ်သပ်ပေးလိုက်တော့တယ်။ အဲဒီ့နောက်မှာတော့ သူအေးစက်စွာနဲ့ ချီကျီကိုကြည့်လိုက်တယ်။

" မစ္စတာချီကဒီအခြေအနေကို တကယ်ပဲနားလည်မှု့လွဲသွားတယ်လို့ထင်တာလား? "

ချီကျီရဲ့ဘေးနားမှာရပ်နေတဲ့ အမျိုးသမီးလေးရဲ့မိသားစုက လုမိသားစုလောက်မထင်ရှားပေမယ့် သူမကလည်းသာမန်မိသားစုအသိုင်းအဝိုင်းထဲကမဟုတ်တာကြောင့် လုချန်ဟဲကို သူမ သိလေတယ်။ ချီကျီဘာလုပ်ခဲ့သလဲဆိုတာကို သူမ
သေချာမသိပေမယ့်လည်း လုချန်ဟဲရဲ့အမူအယာကိုမြင်လိုက်ရဲ့အချိန်မှာတော့ အခြေအနေက
သိပ်မကောင်းတော့ဘူးဆိုတာကို သူမ
သိလိုက်ရတယ်။ အဲ့တာကြောင့် သူမ
မသိလိုက်စွာနဲ့ပဲ အနောက်ကိုဖြည်းဖြည်းချင်းဆုတ်သွားပြီး သူမနဲ့ချီကျီကြားမှာအကွာအဝေးတစ်ခုသတ်မှတ်လိုက်တော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now