Chapter 78

2.7K 508 11
                                    

Chapter 78

လုချန်ဟဲ အစည်းအဝေးပွဲပြီးလို့ ပြန်လာတဲ့အချိန်မှာ...
သူ့ရုံးခန်းထဲမှာ မရှိသင့်တဲ့ ပူတင်းလေးက အပီအပြင်ထိုင်နေပြီး ဂိမ်းကစားနေတာကို တွေ့လိုက်ရတယ် ။ သူ ပြန်လာတာကိုလည်း မြင်ရော...မျက်နှာချိုသွေးတယ်လို့ ခေါ်လို့ရတဲ့ အပြုံးလေးနဲ့ ပြုံးပြနေတယ်။

" အကို ၂ !"

လုချန်ဟဲက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ကုတင်ပေါ်က မုန့်အပုံလိုက်ကြီးကို တွေ့လိုက်တော့...ပူတင်းလေးကို ထပ်ပြီး ကြည့်လိုက်တော့လေတယ်။

ကျောက်နင်း ခပ်မြန်မြန် ပြောလိုက်တယ်။

" ငါ အများကြီး သိပ်မစားခဲ့ဘူး...
ဖွင့်ရုံလေး ဖွင့်ပြီး အရသာမြည်းကြည့်တာ...
အအေးလဲ တစ်ပုလင်းပဲ သောက်တယ်...
အများကြီး မသောက်ခဲ့ဘူး..."

လုချန်ဟန်က သူတို့ နှစ်ဦးသားကို ခိုးကြောင်ခိုးဝှက်
ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့...
သူတို့တွေကြားထဲမှာ ကွဲပြားတာ တစ်ခုခုတော့ ရှိကို ရှိနေရမယ်! ဒါပေမဲ့ သူတို့တွေက သာမာန် ယောကျာ်းနဲ့မိန်းမ ချစ်သူတွေနဲ့ မတူဘူး...။ သူ့ရဲ့အကို ၂ က
အရမ်းသန်မာတဲ့ ထိန်းချုပ်ချင်တဲ့ဆန္ဒရှိပေမဲ့
သူ့ချစ်သူ စားတာ၊ သောက်တာကိုတောင် မချုပ်ချယ်ရဲဘူး...။ ဒါက သားတစ်ယောက်ကို ပျိုးထောင်
မွေးမြူတာနဲ့ တူမနေဘူးနော်!

ဒါပေမဲ့လည်း... လုနင်းရဲ့ အသက်ကို ထပ်မံပြန်ကြည့်ပြီးနောက်...၊ သူလေး ကြီးပြင်းလာရင်...သူ့ရဲ့အကို ၂နဲ့ ကစားတော့မယ်ဆိုတာကို လုချန်ဟန် ရုတ်တရက် သဘောပေါက်သွားတော့တယ်။

သူ စိတ်ထဲကနေ တွေးတောနေရင်း...
ဒုတိယအကိုက သူ့ကို ထပ်မံကြည့်လာတာကို မြင်လိုက်တဲ့အခါမှာ...လုချန်ဟန် မတ်တပ်ထရပ်ကာ၊ ခပ်မြန်မြန် ပြောလိုက်တော့တယ်။

" ကျွန်တော်က ခဏ ဖြတ်ရုံဖြတ်သွားတာပါနော်...
အကို့ကို နေ့လည်စာစားဖို့ လာရှာချင်ရုံပဲ...
ဒါပေမဲ့ အကို့မှာ သူငယ်ချင်း ရှိတယ်ဆိုရင်တော့
ကျွန်တော့်အတွက် စိတ်ပူမနေပါနဲ့တော့..."

" ကိစ္စမရှိဘူးဆိုရင် မင်းက ဘာလို့
ထွက်မသွားသေးတာလဲ?"

လုချန်ဟန်: ".... "
ငါ့အကို၂ဆိုတာ သံသယဝင်စရာမလိုဘူးပဲ....

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now