Chapter 43(part 1)

3K 625 1
                                    

Chapter 43(Part 1) :
နှင်းကျနေတဲ့ညရဲ့ ပူပူနွေးနွေး ဟော့ပေါ့

နျဲ့ယုံ ဖုန်းချလိုက်ပြီးနောက်, တိတ်ဆိတ်စွာ သူ့လက်ချောင်းပေါ်က လက်စွပ်ကို စိုက်ကြည့်နေမိတယ်။ တစ်ခါက
သူနဲ့ ရွယ်လု အားလပ်ရက်တုန်းက လက်စွပ်ဆိုင်သေးသေးလေးကို သွားခဲ့ကြတယ်...ပြီးတော့ သူတို့တွေ သူတို့ဘာသာ လက်စွပ်တွေ ပြုလုပ်ခဲ့ကြတယ်...။ ဒါ sterling silver ဖြစ်ပြီး အရမ်း ရိုးရှင်းပေမဲ့...ဒါက ရွယ်လု ကိုယ်တိုင် လုပ်ပေးထားခဲ့တာ ဖြစ်လေတယ်။ သူမလက်က တစ်ခုကလဲ သူ ကိုယ်တိုင် လုပ်ပေးခဲ့တာ ဖြစ်တယ်...။ ဒါက နည်းနည်းတော့ ရုပ်ဆိုးတယ်...။ ရွယ်လု
ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူ့ကို အကြိမ်တော်တော်များများ
စနောက်လေ့ရှိပေမဲ့ ဘယ်တုန်းကမှ မချွတ်ခဲ့ဘူး....။

သူ ရွယ်လုကို ပထမဆုံး တွေ့ခဲ့တဲ့အချိန်က, သူမက  တက္ကသိုလ် စတုတၳနှဈ တတ်နေတာဖြစ်တယ်။ သူမက အရမ်းလှပတဲ့ အဖြူရောင်ဂါဝန်လေးကို ဝတ်ထားခဲ့တယ်...။ နတ်သမီးပုံပြင် ဒါမှမဟုတ် ဒဏ်ဏ္႑ာရီ ကနေ ထွက်ပေါ်လာခဲ့တဲ့ ရေနတ်သမီးလေးလိုပဲ...။ သူမကို ကြည့်မိလိုက်ရင်... မင်းက သူမကို မင်းလက်မောင်းထဲမှာ ရင်ဝယ်ပိုက်ထားချင်တဲ့အထိ ဖြစ်မိလိုက်မယ်...။ နျဲ့ယုံ မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်...။ ဒါကြောင့်ပဲ သူမလက်ထဲ နေ့လည်စာ စားဖို့ ပြင်ဆင်ထားတဲ့ဘူးက ပြစ်မှုကြီးတစ်ခုလိုပဲ။

ကံကောင်းတာက, ရွယ်လုက
ချမ်းသာတဲ့ဒုတိယမျိုးဆက် ကောင်လေး ချစ်ရေးဆိုတာကို ငြင်းပယ်လိုက်တာကို သူ မြင်ခဲ့တယ်။ သူ မှတ်မိတာက ရွယ်လုက ကိုယ့်ဘာသာရပ်တည်နိုင်ဖို့ သန်မာတဲ့သူကိုပဲ သဘောကျတာ....။ သူမက ပိုက်ဆံမရှိမှာကို မကြောက်ဘူး....။ သူမက လုံ့လဝီရိယရှိရှိနဲ့ ဆက်လက်ကြိုးစားနေရင်၊ မနက်ကနေ ညအထိ ဇိမ်ခံကားစီးပဲ မောင်းနိုင်တဲ့
ချမ်းသာတဲ့ဒုတိယမျိုးဆက်ထက် ပိုသာလွန်ကောင်းမွန်မှာ ဖြစ်တယ်။

ကံမကောင်းတာတစ်ခုက နျဲ့ယုံက ရွယ်လု တကယ် သဘောမကျတဲ့ Typeမျိုး ဖြစ်နေတာပဲ...။ ပိုက်ဆံကလွဲပြီး ဘာမှမလုပ်တတ်တဲ့ ဒုတိယမျိုးဆက်လေ...။ သူ့နှလုံးသားထဲက နတ်မိမယ်လေးကို လိုက်ဖို့, သူ့ကိုသူ
အဆင်ပြေတဲ့ နောက်ခံမိသားစုရဲ့ လူငယ်လေးအဖြစ် ပြန်ဖန်တီးကာ သူ့ကိုသူ တိုးတတ်လာအောင် တတ်တတ်ကြွကြွနဲ့
ကြိုးစားနေတဲ့ပုံ လုပ်ခဲ့တာဖြစ်တယ်။ နျဲ့ယုံမှာ
ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် ရင်းနှီးပြီး ဂရုစိုက်တတ်ကာ...
တော်တော်လေးကောင်းတဲ့ မိသားစုနောက်ခံ ရှိလေတယ်။
ရွယ်လုဆီကို ပိုက်ဆံတွေ ပစ်ပေးဖို့ပဲ သိတဲ့ ဒီချမ်းသာတဲ့သားတွေထက်စာရင်, သူက သူမရဲ့လက်ကို ချောမွေ့စွာ ဖမ်းဆုပ်နိုင်တယ်...။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now