Chapter 60

3K 543 4
                                    

Chpater  (60)

တောင်ပေါ် ရှိရှုခင်းက လှပပြီး လေကလဲ
လတ်ဆတ်တယ်။ ဆောင်းရာသီမှာ ချီဖန် တောင်က စိမ်းဆိုပြီးမတ်စောက်တယ်။ အဆုံးမရှိချောင်းကနေ ဖြတ်သွားကြတဲ့ တောင်ပေါ်ကလူတွေကလဲ တစ်ချိန်ပြီး
တစ်ချိန်ပြန်ဆင်းလာကြပြီး အပြုံးနဲ့နှုတ်ဆက်ကြတယ်။ ပြီးတော့ဘယ်ဘက်မှာရှိတဲ့ကျောက်နင်းက အဲ့လူတွေရဲ့ကြင်နာစွာဆက်ဆံခံရပြီး မြေကြီးပေါ်မှာသေတော့မဲ့ခွေးလို လှဲနေတယ်။ လုချန်ဟဲကသူ့ဘေးမှာထိုင်ကာ
ညှင်သာစွာပုတ်ပေးရင်း....

"မင်းရဲ့ သန့်ရှင်းရေးကရော....
အခင်းမရှိဘဲ ကြမ်းပြင်ပေါ်မှာ
မလှဲဖူးဘူးမလား?"

ကျောက်နင်း ဟောဟဲလိုက်ပြီး လျှာထွက်နေတာ မျက်လုံးလှည့်ဖို့အားတောင်မရှိတော့ဘူး။ ခြေလေးချောင်းရှိပြီး လူတွေမြန်ပေမဲ့ အဲ့ခြေလေးချောင်းနဲ့လှေကားတွေပေါ်တက်ဖို့ လူတွေထက်အားနှစ်ဆ သုံးဆသုံးရတယ်။ ဘာကြောင့်ရုံးခန်းထဲမှာပဲ
နေ့တိုင်း ထိုင်နေရတဲ့လုချန်ဟဲက ခြံထဲမှာ တစ်နေကုန်အချိန်ဖြုန်းတဲ့ငါလေးထက်ပိုပြီးအားသန်နေရတာလဲ?
ဒါလုံးဝကို သိပ္ပံနည်းမကျဘူး!!!

အသေးလေးမှာရှိတဲ့ အင်အားရဲ့သတ်မှတ်ချက်ကို ရောက်နေတာကိုမြင်ရော လုချန်ဟဲ
ဘာမှမတတ်နိုင်တော့ပဲ ဖက်လိုက်ကာ ရေကရားနဲ့ရေတိုက်ပြီး သူ့ရဲ့ခြေထောက်ကိုသက်သာသွားအောင်နှိပ်ပေးလိုက်တယ်။

"ဒါကသုံးကြိမ်မြောက်လှေကားတောင်မဟုတ်သေးဘူး။လာခဲ့... အပေါ်ကိုကြည့်...အဲ့မှာရှုခင်းကြည့်မျှော်စင်လေးရှိတယ်။ ငါတို့အဲ့ကိုရောက်ရင်စားကြမယ်?"

ကျောက်နင်း လှေကားပေါ်ကြည့်လိုက်ပြီး
လှေကားထစ်ဘယ်နှခုရှိမှန်းမမြင်ရပေမဲ့ တောင်ရဲ့ထောင့်မှာမျှော်စင်လို့ထင်ရတဲ့အဆောက်အအုံတစ်ခုထွက်နေတယ်။ ကျောက်နင်းအကွာအဝေးကိုခန့်မှန်းလိုက်ပြီး တတ်နိုင်သလောက်ဖြေးဖြေးချင်းသွားရင်တောင် နာရီဝက်လောက်ကြာမှာ။ သူ့ရဲ့ခွန်အားကိုတိုင်းတာပြီးတဲ့နောက်မှာတော့ ကျောက်နင်း
တစ်ကိုယ်လုံး လုချန်ဟဲရဲ့ခြေထောက်ပေါ်မှာ
မလှုပ်နိုင်တော့သလို ခေါင်းကိုဘေးမှာစောင်းထားကာ သေချင်ယောင်ဆောင်လိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now