Chapter 48

3.2K 597 4
                                    

Chapter 48

ကျောက်နင်း ပြန်တိုင်မဲ့ကိစ္စကို တကယ်မစဉ်းစားမိဘူး။ ဟဲချောင်က သူ့ကို နောက်ဆုံးတစ်ခေါက်က
ကန်ခဲ့တဲ့ပုံစံနဲ့လဲမတူတော့ဘူး။ သူကခွေးတွေကိုမကြိုက်တာလဲဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက မနက်ထဲက စကားနာထိုးတာကလွဲရင်
ရိုင်းရိုင်းစိုင်းစိုင်းမလုပ်ခဲ့ဘူး။

ထပ်ပြောရရင် ဂိမ်းကစားတုန်းကသူ့ရဲ့အမြှီးကိုဆွဲဖို့နှစ်ခါတောင်အခွင့်ရေးရခဲ့ပြီးတစ်နေကုန်တစ်ခြားအသေးအဖွဲကိစ္စတွေကိုမလုပ်ခဲ့ဘူး။ အခုတော့စိတ်ကြီးဝင်လာပြီးလုချန်ဟဲကိုလာဖက်စေချင်ပြီ။ သူဘာတွေလုပ်နေတာလဲနားလည်လိုက်တဲ့အခါမှာတော့
ရုတ်တရက် မတ်တပ်ထရပ်ပြီး သေချာစိုက်ကြည့်ပြီးမှလွှတ်ပေးတော့တယ်။

ဘာလို့အဲ့လောက်တောင်လုပ်ရဲရတာလဲ? ဘာလို့များယောင်္ကျားတွေမလုပ်တဲ့ဟာကိုအလွယ်တကူလုပ်ရဲရတာလဲ?

ပူတင်းလေးက သူ့ကိုအာရုံမစိုက်ပေးနိုင်တာကိုတွေ့လိုက်တဲ့အခါမှာတော့လုချန်ဟဲက အသေးလေးရဲ့ခေါင်းထဲမှာဘာတွေတွေးနေလဲဆိုတာဘုရားဘဲသိနိုင်မယ်လို့တွေးနေလေရဲ့။

ပူတင်းလေးထိုင်နေတာနည်းနည်းကြာသွားပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကိုအရိုးမရှိတဲ့အကောင်လိုလှဲလိုက်တာကိုတွေ့လိုက်ရတယ်။ လုချန်ဟဲကသူ့လက်ကိုမြှောက်လိုက်တော့အသေးလေးကချက်ချင်းဘဲတွားသွားကာ သူ့ရင်ဘတ်ပေါ်မှာမှီပြီး သူ့နဲ့အတူVideoဆက်ကြည့်ဖို့ပြင်နေတယ်။ လုချန်ဟဲကအသေးလေးကိုနှိပ်ပေးပြီးသူ့ရဲ့လုပ်လက်စအလုပ်တွေနဲ့ စာအုပ်ကိုချလိုက်ကာ videoကိုကြည့်ပြီးသူနဲ့အတူအချိန်ဖြုန်းဖို့ပြင်လိုက်တယ်။ ရုပ်ရှင်ကိုတော့သူနှစ်ခေါက်လောက်တော့ကြည့်ပြီးသွားပြီ။ ကြည့်ခဲ့တဲ့အခေါက်တွေမှာ သရုပ်ဆောင်တွေက သူတို့ရဲ့အစွမ်းအစနဲ့မဟုတ်ဘဲ ဒါရိုက်တာရဲ့သင်ပြမှုကြောင့် အဆင်ပြေနေဆယ်ဆိုတာသိလိုက်ရတယ်။
ဒီreality showထဲမှာတော့သင်ထားတာတွေလဲပါနိုင်ပေမဲ့လဲ ပူတင်းလေးကသူ့ရဲ့အမိန့်တွေမပါဘဲ အပြင်လူတွေနဲ့ဘယ်လိုဆက်ဆံလဲဆိုတာပထမဆုံးတွေ့မြင်ရခြင်းပဲ။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now