Chapter 40(part 1)

3.4K 652 20
                                    

Chapter 40(Part 1):
နှလုံးသား မဲနက်​တဲ့ ​ခွေး​ဂေဟာရဲ့ အဆုံးသတ်​

လုချန်​ဟဲက ဒီ​ခွေး​​ဂေဟာနဲ့ သ​ဘောတူညီချက်​ရဖို့
ပုရွက်​ဆိတ်​ သတ်​ဖို့ စွမ်​းအင်​ ထုတ်​သုံးရတာ​​လောက်​​ အသုံးပြုဖို့ မလိုအပ်​​လေဘူး။ သူ့ရဲ့ လက်​​ထောက်​ ချီ​ဝေ့ ကို သူ ညက လုပ်​ခဲ့တာနဲ့ပတ်​သတ်​ပြီး ​ပြောဖို့ လိုအပ်​​ပေမဲ့လည်​း, ကျန်​တာ​တွေက သူ့စိုးရိမ်​စရာ မလိုအပ်​ဘူး....။

ချီ​ဝေ့မှာ လုချန်​ဟဲရဲ့ လက်​​ထောက်​ ​နေရာကို ရဖို့ စ​ကေး​ရော၊ လုပ်​နိုင်​စွမ်​း​ရော နှစ်​ခုစလုံး ရှိ​လေတယ်​။
တကယ်​လို့သာ သူ
ဒီ​ခွေး​ဂေဟာကို ညတွင်​းချင်​း ​ပျောက်​ကွယ်​​စေချင်​ရင်​ , သူ ဖုန်​းတစ်​ခါဆက်​ရုံနဲ့တင်​ လုံးဝ​ပျောက်​ကွယ်​သွားမှာ ဖြစ်​​လေတယ်​။ ဒါ​ပေမဲ့ သူ ဒီလိုမလုပ်​ချင်​ဘူး....။ ဘာလို့လဲဆို​တော့ ဒါက ဒီ​ခွေး​ဂေဟာအတွက်​  အရမ်​းသက်​ညှာသလို ဖြစ်​သွားလိမ်​့မယ်​...။

ချီ​ဝေ့ကလဲ ကိုယ်​ပိုင်​ ​ခွေး​လေး ​မွေးထားတယ်​​လေ...။
အဲဒီ​ကောင်​​လေးက အမြဲချစ်​စရာ​ကောင်​းပြီး
သူ့ရဲ့ အဖိုးတန်​ ရတနာ​လေး...။ လုချန်​ဟဲ
​ခွေး​မွေးထားတဲ့အချိန်​နဲ့ အသိဉာဏ်​ရည်​ချင်​း ယှဉ်​ရင်​​တော့,
ချီ​ဝေ့က သူ့​ခွေး​လေးရဲ့ ​ကျေးကျွန်​တစ်​​ယောက်​လိုမျိုး ​
ခွေး​ချေးကျူံးဝန်​ထမ်​းအရာရှိ​လေး နဲ့ တူ​နေတယ်​။ ဒါ​ပေမဲ့လဲ, သူ့ Weibo description ထဲမှာ ​ပြောထားတာက, 'သူက လု အဖွဲ့အစည်​းရဲ့ လက်​​ထောက်​ဝန်​ထမ်​း'တဲ့....။ ပို့စ်​တိုင်​းလိုလိုက​တော့ သူ့​ခွေးသား​လေးနဲ့ ပတ်​သတ်​တဲ့အ​ကြောင်​း​တွေချည်​းပဲ...။
ဒါက ပြီးပြည်​့စုံတဲ့ စွမ်​းရည်​ကို ကိုင်​စွဲထားတဲ့
pet blogger နဲ့တူတာ​ကြောင်​့  Netizen​တွေက သူ့ကို
ရယ်​​မော​နေကြတယ်​...။ သူက သူ့သား​လေးရဲ့ ချစ်​စရာ​ကောင်​းမှု​လေးကို အားကိုးအားထားပြု​ပေမဲ့ ဒီကမ္ဘာကြီးထဲမှာ
သူ့ကိုယ်​ပိုင်​စွမ်​းရည်​နဲ့ အပြင်​းအထန်​ရုန်​းကန်​ဖို့ မလိုအပ်​​လေဘူး....။ (T/N : သူ့​ခွေးက ချစ်​စရာအ​ကောင်​းဆုံးလို့
​တွေးပီး  ဂုဏ်​​မြောက်​​နေတာပါ။ Netizenဆိုတာက
အင်​တာနက်​ကို စွဲ​နေတဲ့သူကို​ပြောတာ)

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now