Chapter 37(part 1)

3.4K 685 9
                                    

Chapter 37(part 1): အကိုကြီးက မမျှော်လင့်ဘဲ
လိင်တူသဘောကျကြောင်း ဗြောင်ဖွင့်ပြောနေပြီ!

ကျောက်နင်းရဲ့ scene က ရုပ်ရှင်ထဲမှာ ပိုပြီး လှပနေတယ်။ အခက်အခဲဆုံး ဇာတ်ကွက်(scene)တွေက...
ငလျင်ဘေးဒဏ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
တည်ငြိမ်သွားတဲ့အချိန်နဲ့၊ ငလျင်မဖြစ်ခင် ပျော်ရွင်ဖွယ်ကောင်းတဲ့အချိန်တွေရဲ့ မြင်ကွင်းအနည်းငယ်ပါဝင်တဲ့ ဇာတ်ကွက်ပဲ ဖြစ်တယ်။ ထို့ကြောင့် ဒီရုပ်ရှင်အဖွဲ့ထဲပါဝင်မဲ့ ခွေးက ရှိနေပေမဲ့လည်း, သူက အရမ်းကို အပျင်းကြီးလွန်းတယ်လေ...။
နောက်ဆုံးတစ်ခေါက်က outdoor scene ရိုက်ကူးခဲ့တာဖြစ်တယ်။ သူတို့ရုပ်ရှင်အဖွဲ့ကို လုမိသားစုရဲ့အကိုအကြီးဆုံး ကုမ္ပဏီ က ပိုင်ဆိုင်တာဖြစ်တယ်။ ဒီအချိန်မှာ ရုပ်ရှင်ဇာက်ကွက်က ရိုက်ဖို့ နည်းတာကြောင့်, studio villageထဲမှာပဲ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

ကျောက်နင်း ကျောင်းတတ်တုန်းကဆိုရင်, သူနဲ့ သူ့ရဲ့ အဆောင်နေသူငယ်ချင်း အနည်းငယ်နဲ့ ဒီ studio villageကို လာလည်ဖို့ စီစဉ်ခဲ့ကြတယ်။ အာ့ဒီအချိန်တုန်းက 'ဒါရိုက်တာရဲ့မျှော်မြင်တတ်တဲ့မျက်လုံးတွေက သူ့ကို ရွေးချယ်ပြီး သူ အောင်မြင်လာလိမ့်မယ်လို့တောင် စနောက်ခဲ့သေးတယ်'။ သူ
မမျှော်လင့်ခဲ့တာက
ဒါရိုက်တာက တကယ်ကြီး လာပေမဲ့လည်း,
သူက အရင်က ကျောက်နင်းမှ မဟုတ်တော့တာပဲ...။

ဒီနေ့ ရိုက်ကူးဖို့ ဘော်ဒီဂတ်နှစ်ယောက်က သူ့ကို ခေါ်ဆောင်လာတယ်။ အမေလုက
custom-made အဝတ်အစားတွေ ပြင်ဆင်ဖို့ အိမ်ပြန်သွားတော့ အိမ်တော်ထိန်းပါ လိုက်ပါသွားတယ်လေ...။ ကြည့်ရတာ သူမက လုချန်ဟဲနဲ့အတူတူ တတ်ရောက်ရမှာကြောင့် ဒါက
အရမ်းကို အရေးကြီးတဲ့ ညစာစားပွဲ ဖြစ်ရမယ်...။ သူမက လုမိသားစုနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဒီဇိုင်နာတွေကို ခေါ်ယူပြီး အရေးတကြီး လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါကြောင့်ပဲ ကျောက်နင်း စတူဒီယို ပတ်ဝန်းကျင်နားမှာ စိမ်ပြေနပြေ အေးအေးလူလူ လမ်းလျှောက်ခွင့်ရနေခြင်းပေ။

ဒီ studio village က သိပ်မကြီးပေမဲ့ , Ping Niao
မြို့တစ်ခုစာလောက်တော့ ရှိလေတယ်။ ဒါက
တခြားနေရာတွေထက်
ရုပ်ရှင်ရိုက်ကူးဖို့ ငှါးရမ်းလို့ ပိုကောင်းပြီး၊ နိုင်ငံခြား ခရီးသွားလာသူတွေအတွက်လည်း အထူးနေရာဖြစ်တယ်။ ခရီးသွားတွေနဲ့ စိတ်ရှုပ်စေတဲ့ Fan အုပ်စုလိုက်ကြီး အနှောင့်အယှက် ပေးတာကို ကာကွယ်ဖို့အတွက် ရုပ်ရှင်ရိုက်ကူးရေး နေရာအနှံ့ကို လူတွေကို စေလွှတ်ကာ စောင့်ကြည့်နေတာဖြစ်တယ်။ ဒါကြောင့် ကျောက်နင်း သွားချင်တဲ့ နေရာတိုင်းကို လမ်းလျှောက်သွားလို့ရတယ်။
ရှုတင်အလယ်က ရိုက်ကူးရေးနေရာထဲ ဝင်ဖို့ သူ ငြင်းဆန်လိုက်တယ်။ သူတို့တွေသာ သူ့ဘေးကနေ ဦးဆောင်ခေါ်လာတဲ့
အရပ်ရှည်ရှည်နဲ့ ကြီးမားတဲ့ ယောကျာ်းနှစ်ဦးကို မ မြင်ဘဲ ၊
တစ်ယောက်ယောက်က လာရှုပ်ရင်, ထိုသူက လုံဝ ဆွဲထုတ်ခံရမှာ....။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now