Chapter 6

5.6K 1K 35
                                    


Unicode

Chapter 6: ခွေးလေးတစ်ကောင်တော့ အချစ်မြစ်ထဲကျရှာသွားပြီ!!!

လုချန်ဟဲ အကိုက်ခံလိုက်ရပေမဲ့လည်း...
အရမ်းကြီးပြင်းထန်တာမျိုးမဟုတ်ဘဲ
သူ့လက်ချောင်းက ခွေးလေးပါးစပ်ထဲ ရှိနေရုံသာဖြစ်တယ်။ သူနဲ့ ပူတင်းလေးက အချိန်အကြာကြီးအတူရှိခဲ့ကြတာမဟုတ်ပေမဲ့ ရင်းနှီးနေပြီဖြစ်တယ်။ နောက်ပြီး...
ဒီအသေးလေး အရင်ကဒီလိုအပြုအမူမျိုး
မလုပ်ခဲ့ဖူးဘူး...

သူဆေးထိုးခံလိုက်ရလို့ မကျေမနပ်
ဖြစ်နေတာများလား?

ကျောက်နင်း ကျေနပ်သွားတဲ့အချိန်မှ ကိုက်ထားတာကိုလွှတ်ပေးလိုက်ပြီး သူ့မေးရိုးကိုကုတ်နေရင်း
လုချန်ဟဲကို မျက်စောင်းထိုးလိုက်တယ်။

အစေခံလေးက ပဝါအစိုကိုကိုင်ပြီးအပြေးအလွှားသူ့အနားရောက်လာတယ်။ ပဝါအစိုနဲ့ ခွေးလေး
သရေတွေပေနေတဲ့ သူ့ရဲ့လက်ကိုသုတ်လိုက်တယ်...

ဒါပေမဲ့ သူကခွေးလေးရဲ့အပြုအမူအပေါ် လုံးဝစိတ်မဆိုးလေဘူး။ သူက ဘေးဘက်မှာရှိတဲ့ ရာဘာဘောလုံးလေးကိုယူပြီး ခွေးလေးရဲ့အမွှေးပွ လက်လေးနှစ်ဘက်ကြားထဲ ထည့်ပေးလိုက်တယ်။

လုချန်ဟဲ ခွေးလေးကို ဒီလိုမျိုးသဘောကျတာတွေ့တဲ့အခါ ဝမ်ထျင်းကလည်း အရမ်းပျော်ရွှင်နေတယ်။ တိရစ်ဆာန်လေးတွေကိုချစ်တဲ့သူအနေနဲ့
ချစ်ဖို့ကောင်းတဲ့ တိရစ်ဆာန် ပိုင်ရှင်ကောင်းနဲ့တွေ့တဲ့အခါ သူတို့ကပါ ကျေနပ်ပီတိဖြစ်တာမျိုး
ခံစားကြရတာဖြစ်တယ်။

ဒါ့အပြင် ယနေ့ခေတ်လူနေမှူ့အဖွဲ့အစည်းတွေမှာ စွန့်ပစ်ခံရတဲ့ပြဿနာ များစွာရှိနေကြပြီး ပျော်ရွှင်တဲ့ဘဝနဲ့ နေထိုင်သွားနိုင်တဲ့ အိမ်မွေးတိရစ်ဆာန်လေးတွေက တကယ်ကိုနည်းပါးတာဖြစ်တယ်။

လုချန်ဟဲ မေးတာကိုကြားတဲ့အခါ
ဝမ်ထျင်းကဖြေလိုက်တယ် ....

" ပူတင်းလေးက အခုမှနှစ်လသားပဲရှိသေးတာ...
ပြီးတော့ သူ့ခန္ဓာကိုယ်ကလဲဝတယ်လို့
သတ်မှတ်လို့မရသေးပါဘူး..သူ
အရမ်းအစားမကြီးသင့်ပေမဲ့ နည်းနည်းပိုစားတာလောက်ကတော့ ပြဿနာမရှိပါဘူး... ပြီးရင် ကျွန်တော် ကျန်းမာရေးနဲ့ညီညွတ်တဲ့
အစာအသောက်စာရင်းကို
အိမ်တော်ထိန်းကြီးဆီပေးခဲ့လိုက်ပါ့မယ်ဗျ...
သူ့ရဲ့အစားအသောက်က သတ်မှတ်ထားတဲ့ပမာဏအတွင်းရှိနေသ၍တော့ အဆင်ပြေပါတယ်...ယဒါပေမဲ့လည်း...ခွေးတွေအတွက် လိုအပ်တဲ့အစာပမာဏနဲ့ သူ့ရဲ့ခန္ဓာကိုယ်ပုံစံက သူ့ကိုကျွေးမွေးတဲ့အပေါ် လုံးဝကြီးမူတည်နေတာမျိုးတော့မဟုတ်ဘူး..
တကယ်လို့ ခင်များစိတ်ပူတယ်ဆိုရင်တော့ ပူတင်းလေးကို လတိုင်းကျန်းမာရေး စစ်ဆေးမှု့တွေ လုပ်ပေးလို့ရတယ်.."

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now