Chapter 39(part 1)

3.2K 627 4
                                    

Chapter39 (part 1):
ရက်စက်​တဲ့ခွေး​ဂေဟာရဲ့စီးပွား​ရေး

Teng တက္ကသိုလ်က အကျိုးအမြတ်မယူအဖွဲ့အစည်း​တွေနဲ့ အလုပ်လုပ်ခဲ့တယ်။ တစ်ချို့က သူနာပြု​ကျောင်းမိဘမဲ့စခန်းများနှင့် ကယ်ဆယ်​ရေးစခန်းများက ဖွဲ့စည်း​နေချိန်မှာ အချို့ရိုးရိုး​ကျောင်း​တွေက အဖွဲ့အစည်း​တွေကိုကိုယ်တိုင်စီစဉ်​ပေးတယ်။ သူတို့ထဲက တစ်ခုမှာ"Love Pet House" ဟု​ခေါ်သည့်အဖွဲ့အစည်းဖြစ်​လေတယ်​။

ဘာ​ကြောင့်လဲဆို​​တော့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုမဟုတ်​တာ​ကြောင့်ဘဲ။ "Love Pet House"မှာ
စီးပွား​ရေးလုပ်ငန်းကြီးရှိတယ်။တစ်ဘက်မှာ သူတို့ကိုယ်တိုင်​မွေးထားတဲ့​ခွေး​တွေကို​ရောင်းချပြီး တခြားတစ်ဘက်မှာ​တော့ ​လေလွင့်​ခွေး​တွေကို ကယ်တင်​ပေးတဲ့​
လူ​ကောင်​း​တွေအ​နေနဲ့အလုပ်လုပ်တယ်။ အကယ်၍
တစ်​​ယောက်ယောက်က ​ခွေးဝယ်ချင်ပြီး​​ ​
ဈေး​ရောင်း​ကောင်းတဲ့သူ​တွေကိုရှာမ​တွေ့နိုင်ဘူးဆိုရင်​... "weekly dog"ဆီကအလွယ်တကူဝယ်နိုင်တယ်။

"weekly dog" ဆိုတာက အရိုက်ခံရတဲ့အတွက် ရက်အနည်းငယ်ကြာတဲ့အထိ ​နေနိုင်ပြီး​နောက်​ပိုင်းမှာ အကြီးအကျယ်ဖျားနာတတ်တဲ့​​အကောင်​လေး​တွေ​ပေါ့။ အကယ်၍ဝယ်တဲ့သူသာကံ​ကောင်းရင် ကုသ​ပေးနိုင်ပြီး​ခွေးရဲ့အသက်ကိုကယ်နိုင်မယ်။ အကယ်၍ကံမ​ကောင်းဘူးဆိုရင် ​ငွေ​တွေဆုံးရှုံးတဲ့အပြင် ခံစားရလိမ့်မယ်။ ​ခွေး​လေး​တွေကို ​မွေးချင်တဲ့ ​ခွေးချစ်တဲ့ သူအနည်းစုကို အကျင့်မ​ကောင်းတဲ့ဆိုင်ရှင်​တွေက "weekly dog" ​တွေကိုလိမ်ပြီး​ရောင်းတယ်။

​ခွေးချစ်သူများ အဖွဲ့အစည်းမှာ​ကောင်းတဲ့​ခွေး​ဂေဟာ​တွေကနာမည်ကြီးပြီး​ဂေဟာ​တွေကိုစကား​ပြောရင်းနဲ့​ကြေညာတယ်။ "Love Pet House"မှာအခြား​ခွေး​ဂေဟာ​တွေနဲ့မတူတာက ​လေလွင့်​ခွေး​တွေကိုကယ်ဆယ်တဲ့​နေရာမှာ
ပါဝင်​နေလို့ပဲ။ ရံဖန်ရံခါ​ဂေဟာက​ ခွေး​မွေးတဲ့အ​ကြောင်း​တွေပါpostတင်တယ်။ တစ်ပတ်​လောက်ကြာရင် သူတို့ကကြိုတင်စာရင်းသွင်းတာကိုခွင့်ပြုဖို့အသိ​ပေးချက်ကို post​တင်ပြီး စနစ်တကျ ကာကွယ်​ဆေးထိုးပြီးနောက်​ခွေး​တွေကို​မွေးစားခွင့်​ပေးတယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now