Chapter 56 (part 2)

2.6K 554 30
                                    

Chapter 56 (part 2)

လုချန်ဟဲ ပူတင်းလေးရဲ့နဖူးကို လက်ညိုးနဲ့ထိုးလိုက်တယ်။ သူနဲ့အတူရှိနေတာတောင်မှသက်ပြင်းချရဲတယ်လား..။

ကျောက်နင်း လုချန်ဟဲကိုမကျေနပ်ဘဲမော့ကြည့်လိုက်တော့တယ်။ ငါဝမ်းနည်းနေတာကို
မင်းကဘာလို့နားမလည်တာလဲ! ငါဒေါသထွက်လာပြီ!

ကျောက်နင်း ညစာကိုစားပွဲပေါ်မှာ
တက်စားခွင့်မရှိလေဘူး။ အရင်ကဆို သူ
လုချန်ဟဲဘေးမှာထိုင်ရပြီး သူ့အစာပန်းကန်ကိုလည်း
လုချန်ဟဲထမင်းပန်းကန်ဘေးမှာ တင်စားလို့ရခဲ့တာဖြစ်တယ်။ အမေလုတစ်ခါတစ်ရံ ဒီဘက်အိမ်မှာညစာလာစားခဲ့ရင်တောင်မှ အမြဲအဲဒီ့ပုံစံအတိုင်းပဲရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒီနေ့မှာတော့ရန်ရှီရှီကဧည့်သည်ဖြစ်တဲ့အတွက် သူအရင်ကဘယ်လောက်ပဲအလိုလိုက်ခံခဲ့ရပါစေ ခွေးတစ်ကောင်အနေနဲ့ စားပွဲပေါ်မှာညစာတက်စားပြီး ရိုင်းပြလို့မဖြစ်လေဘူး။

ကျောက်နင်း သူ့ရဲ့အသီးအရွက်နဲ့အသားတွေပါတဲ့ညစာကို အချိန်အတော်ကြာစိုက်ကြည့်နေတယ်။ စားပွဲမှာတော့ အမေလုကသူတို့နှစ်ယောက်စကားပြောလို့ရအောင် အကြောင်းအရာတွေရှာပေးနေလေတယ်။

လုမိသားစုမှာအစားစားနေရင်း စကားမပြောရဘူးဆိုတဲ့အလေ့အကျင့်မရှိတဲ့အပြင် လုချန်ဟဲကလည်း
ယဉ်ကျေးစွာပြန်ဖြေပေးနေတာကြောင့် လေထုက
အနေရခက်တာမျိုးမရှိလေတော့ဘူး။

နောက်ပြီး အဲဒီ့ရန်ရှီရှီရဲ့သဘောထားက ဘယ်လိုလဲဆိုတာကို သူ သေချာမသိပေမယ့် သူမက
လုချန်ဟဲကိုအရမ်းကြီးသဘောကျနေတဲ့ပုံစံမျိုးတော့မဟုတ်လေဘူး။ သူမက လုချန်ဟဲနဲ့စကားပြောဖို့ အကြောင်းအရာရှာတာမျိုးမရှိတဲ့အပြင် သူမက
အများဆုံးအမေလုနဲ့သာပြောနေခဲ့တာဖြစ်တယ်။ သူတို့တွေကအကြောင်းအရာတစ်ခုကို ဆွေးနွေးနေကြတာမျိုးမဟုတ်ဘဲ ပုံမှန်စကားပြောနေကြတာသာဖြစ်တယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့မိန်းကလေးပဲ..။

အဲဒီ့လိုလိုက်လျောညီထွေဖြစ်နေတဲ့လေထုထဲမှာ ကျောက်နင်းကတော့ သူတို့ကို တစ်ဆေ
တွေလိုသာ သဘောထားပြီး  သူ့အစာကိုသာစားနေခဲ့တာဖြစ်တယ်။ အဲဒီ့နောက်မှာတော့ သူကသူ့အမြှီးကိုလှုပ်ယမ်းပြီး အပေါ်ထပ်ကိုတက်သွားလေတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now