Chapter 41(part 1)

3.5K 668 16
                                    

Chapter 41 (part 1) နာမည်ကပ်ပြားလေးအခိုးခံလိုက်ရပြီ..

ကျောက်နင်းက နှစ်ထပ်ခေါက်ထားတဲ့ ခေါင်းအုံးလေးပေါ်မှာမှီလှဲနေတာဖြစ်တယ်။ သူ တစ်ချက်လေချဉ်တက်လိုက်တဲ့အချိန်မှာတော့ လေထဲမှာလိမေ္မာ်နံ့သင်းသင်းလေး ပျံ့နှံ့သွားလေတယ်။ ကျောက်နင်း သူ့ဗိုက်လေးကိုတစ်ချက်ပွတ်သပ်လိုက်ပြီး သက်သောင့်သက်သာနဲ့ သက်ပြင်းတစ်ချက်ချလိုက်တော့တယ်။ သူကဒီနေ့လိမေ္မာ်ရည်ကို နှစ်ဘူးတောင်သောက်ခဲ့တာဖြစ်တယ်။ အဲဒီ့brandကို သူသေချာမသိပေမယ့်လည်း အဲ့တာကအတော်လေးအရသာရှိပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ အသီးအရသာမျိုးဖြစ်လေတယ်။ နောက်ပြီး သူဒီနေ့လည်း...
ပစ္စည်းတွေကို နေရာတကျပြန်ထားခဲ့နိုင်လေတယ်။

အပြင်မှာလူအချို့ အစည်းအဝေးလုပ်နေသံကိုကြားနေရပြီး ခဏအကြာမှာတော့ လုချန်ဟဲရဲ့ခပ်အေးအေးပြောဆိုနေသံကိုလည်း ကြားလိုက်ရလေတယ်။ အဲဒီ့နောက်မှာတော့ ကျောက်နင်းတဖြည်းဖြည်း အိပ်ငိုက်လာလေတော့တယ်။ သူကအိမ်မှာဆိုရင် လောင်ရနဲ့ပဲအမြဲကစားနေပြီး တစ်ရေးအိပ်တာမျိုးလုံးဝမရှိခဲ့လေဘူး။ ဒါပေမယ့် လုချန်ဟဲအလုပ်ကို လိုက်လာရတဲ့အချိန်မှာတော့ သူကသူ့ကိုယ်သူ ပိုပြီးအပျင်းကြီးလာတယ်လို့ ခံစားလိုက်ရလေတယ်။ သူ့မှာစားတာနဲ့ အိပ်တာကလွဲရင် အခြားလုပ်စရာမရှိလေဘူး။ အဲ့တာကြောင့် ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်တော့ သူသေချာပေါက်ဝိတ်တက်လာတော့မှာဖြစ်တယ်။ ဒါပေမယ့်လည်း သူ့အမွှေးတွေက ညအိပ်ဝတ်စုံအပွဝတ်ထားတဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် သူ့ရဲ့ခါးဘယ်လောက်အထိတုတ်နေပြီလဲဆိုတာကို ဘယ်သူမှမသိနိုင်​ကြလေဘူး။

ကျောက်နင်း သူ့အတွေးထဲမှာနစ်မြုပ်နေတဲ့အချိန်မှာပဲ အပြင်ဘက်ကအစည်းအဝေးက ပြီးသွားလေတယ်။ သူနာရီကိုတစ်ချက်ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာနဲ့ ခေါင်းငြိမ့်လိုက်တော့တယ်။ သူတို့မိသားစုရဲ့လုချန်ဟဲက တကယ်ကိုအချိန်တိကျတဲ့သူေဋ္ဌးဖြစ်ပြီး အလုပ်ပြီးတာတောင်မှ အချိန်အတိအကျဖြစ်လေတယ်။

အိမ်ပြန်နေတဲ့လမ်းမှာ လုချန်ဟဲလက်ထဲက အရောင်စုံတဲ့လက်မှတ်တစ်ခုကို မြင်လိုက်ရတာကြောင့် ကျောက်နင်းစပ်စုချင်တာနဲ့ အရှေ့ကိုတိုးကပ်ပြီး ကြည့်လိုက်တော့တယ်။ အိမ်မွေးတိရစၧာန်စုဝေးပွဲ? အဲ့တာကဘာကြီးလဲ?

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now