Chapter 8

5.4K 1K 47
                                    


Chapter 8 : သူ့ရဲ့ အိပ်ရာပေါ်တက်နိုင်တဲ့စကေးတွေ တိုးတက်လာပြီ !!!

ပူတင်းလေးက အခုနောက်ပိုင်းသူ့ကိုသိသိသာသာကပ်လာတယ်လို့ လုချန်ဟဲ ခံစားရတယ်...
အမြဲသူ့အနားမှာရှိနေတတ်ပြီး မကြာခဏ
သူ့ဆီလာပွတ်သပ်နေတတ်တယ်..။

သူ့အမေ ဒီနေရာကိုစခေါ်လာတဲ့အချိန်ကဆို
အသေးလေးကသူ့ဆီချဉ်းကပ်ဖို့ အရမ်းကြောက်ရွံ့နေခဲ့တာဖြစ်တယ်...

အခုအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရရင်
ကောင်းကင်နဲ့မြေကြီးလောက်ကို ကွာခြားနေတာဖြစ်တယ်..။ ဒါပေမဲ့ အဲဒီ့အချိန်တုန်းက အသေးလေးက သူနဲ့မရင်းနှီးသေးဘဲ အိမ်မှာအမြဲတစ်ယောက်တည်းနေခဲ့ရတာကြောင့် သူ့ရဲ့သည်းခံနိုင်စွမ်းတွေလည်း အတော်တိုးတက်လာတယ်..။ သူ့ကိုအနှောင့်အယှက်မဖြစ်စေသ၍ကတော့ အသေးလေးလုပ်ချင်တာလုပ်ဖို့ လုချန်ဟဲ ခွင့်ပြုပေးထားတယ်..။

လုချန်ဟဲက ညစာစားပြီးတိုင်း
ကွန်ပြူတာအရှေ့ထိုင်ပြီး သူ့ရဲ့အလုပ်ကိစ္စတွေလုပ်လေ့ရှိတယ်..ဒါပေမဲ့ ဒီနေ့ပြောင်းလဲသွားတာတစ်ခုက သူကဆိုဖာပေါ်မှာမှီလှဲနေရင်း ပေါင်ပေါ်ကLaptopကို အာရုံစိုက်နေတယ်..သူ့ရဲ့ဗိုက်ပေါ်မှာတော့
လုံးဝထပေးမဲ့ပုံမပေါ်တဲ့ samoအကောင်ပေါက်လေးကလှဲနေတာဖြစ်တယ်..။

ညစာစားနေတဲ့အချိန်တုန်းက လုချန်ဟဲက
သူ့အပေါ်အရင်ကထပ်ပိုပြီး ဂရုစိုက်လာတာကိုတွေ့ခဲ့ရတယ်..အဲ့တာကြောင့် လက်ချောင်းတစ်ချောင်းပေးရင် လက်တစ်ခုလုံးလိုချင်လာသလိုမျိုး သူ့ကိုပိုပိုပြီးရင်းနှီးချင်လာတယ်..။

ဒီအိမ်ကို စရောက်လာစဉ်အချိန်ကတည်းက
လုချန်ဟဲက နတ်ဘုရားတစ်ပါးလို့ထင်ရလောက်အောင်ကို သူ့ရဲ့ပုံပန်းသွင်ပြင်ကကြည့်ကောင်းနေခဲ့တာဖြစ်တယ်..

သူအခုလိုလှဲနေရင်တောင် သူ့ရဲ့လက်ဖဝါးတွေအောက်မှာရှိနေတဲ့ six pack နဲ့ သွေးပြန်ကြောတွေရဲ့ပုံသဏ္ဍာန်ကို သူသေချာခံစားနေရတယ်..။

ကျောက်နင်း သူ့လက်တွေကို တစ်ချက်အကြောဆန့်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ထိကြည့်လိုက်တယ်..ohh..နည်းနည်းမာနေပေမဲ့ ကိုင်လို့တော့ ကောင်းသားဘဲ..!!!

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now