Chapter 14

4.2K 929 11
                                    

Chapter 14 : ခွေးတွေကလည်းအသိမှတ်ပြုခံရဖို့ထိုက်တန်ပါတယ်

မနက်ခင်း နေရောင်ခြည်က တောက်ပနေပြီး ဆောင်းဦးလေတိုက်ခတ်သံကို ရှင်းလင်းစွာကြားနေရတယ်။ ကျောက်နင်းက လုချန်ဟဲနဲ့အတူ မနက်ခင်းအပြေးလေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက်မှာ သူတို့အတူတူမနက်စာစားခဲ့ကြတယ်။

အဲဒီ့နောက် လုချန်ဟဲအလုပ်သွားရတော့မယ့်အချိန်မှာတော့ သူကအိမ်ရှေ့အထိလိုက်ပို့ပေးပြီး လုချန်ဟဲရဲ့ကားသူ့မြင်ကွင်းထဲက ပျောက်သွားတဲ့အချိန်ကြမှ ဒုတိယထပ်မှာရှိတဲ့သူ့အိပ်ရာဆီ ပျင်းရိစွာပြန်တက်လာပြီးပြန်အိပ်ဖို့ပြင်တော့တယ်။ တစ်ရေးပြန်နိုးလာတဲ့အခါမှာတော့ သူအပျင်းကြောဆန့်လိုက်ရင်း တစ်ခုခုစားဖို့ထလာခဲ့တယ်။ ဒါပေမဲ့ ဧည့်ခန်းထဲကဆိုဖာဘေးမှာလှဲအိပ်နေကြတဲ့ အနက်ရောင်ခွေးကြီးနှစ်ကောင်လိုက်ရတဲ့အချိန်မှာတော့ ကျောက်နင်းရုတ်တရက်လန့်သွားတယ်။

သူလှုပ်ရှားနေတဲ့အသံကိုကြားလိုက်ရတဲ့အခါ အဲဒီ့ခွေးနှစ်ကောင်ကတစ်ဝက်ထိုင်နေတဲ့ပုံစံမျိုးနဲ့ထထိုင်ပြီး သူ့ကိုစိုက်ကြည့်လာတာကြောင့် ကျောက်နင်းသူတို့ဆီသွားဖို့နည်းနည်းတွန့်ဆုတ်သွားတယ်။

အဲဒီ့ခွေးနှစ်ကောင်ကဂျာမန် shepherd (သိုးထိန်း)ခွေးအမျိုးအစားဖြစ်ပြီး သူတို့ရဲ့ပုံပန်းသွင်ပြင်အရ သူတို့ကအရွယ်ရောက်ပြီးသားတွေဖြစ်တယ်။ ကျောက်နင်းခန့်မှန်းချက်အရတော့ သူတို့သာ ခြေထောက်လေးချောင်းစလုံးနဲ့ထရပ်လိုက်မယ်ဆိုရင် သူတို့ကအရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ ခါးလောက်နီးပါးအထိအမြင့်ရှိနိုင်ပြီး သူတို့ရဲ့ကြွက်သားအပြည့်နဲ့ကြံ့ခိုင်နေတဲ့ပုံပန်းသွင်ပြင်ကြောင့် အကြည့်တစ်ချက်နဲ့တင် ဝတ္ထုတွေထဲက
ရက်စက်တတ်တဲ့ဇာတ်ကောင်ပုံစံမျိုး
ခံစားရစေတာဖြစ်တယ်။

ကျောက်နင်း သူ့ရဲ့ခြံစည်းရိုးလေးထဲကနေ
အချိန်ခဏလောက်သေချာကြည့်ပြီးတဲ့အချိန်မှာတော့ သူတို့တွေက သံကြိုးတွေနဲ့အခတ်ခံထားရတယ်ဆိုတာကို သူတွေ့လိုက်ရတယ်။ အဲ့တာကြောင့် သူ သူ့ရဲ့ခြံစည်းရိုးလေးကို ကျော်တက်လိုက်ပြီး သူတို့အနားကိုဖြည်းဖြည်းချင်း ချဉ်းကပ်သွားတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now