Chapter 57(part 1)

2.9K 535 7
                                    

Chapter 57 (part 1)

လူတွေရဲ့ကိုယ်ကျင့်တရားကိုပြောင်းလဲပြီး
တည်ငြိမ်အောင်ဘယ်လိုလုပ်ရမလဲ။

ဒီအချိန်မှာ ကျောက်နင်း
အလေးနက်ထားပြီး
ပြဿနာကိုသုံးသပ်ကြည့်နေတယ်။ သူရဲ့ပြိုင်ဘက်နောက်ကိုလိုက်ဖို့အချိန်မရှိမှာကိုလဲစိုးရိမ်တယ်။ လူတွေရဲ့ပြောင်းလဲခြင်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် အချစ်ရဲ့ ရန်သူကဘာလဲ?သေချာပေါက်ကို လူကြီးတွေကတော့ အချစ်ရဲ့ပြိုင်ဘက် ကိုဆန့်ကျင်ပြီးမရပ်တည်ဘူးပေါ့။  ဒါပေမဲ့ပြောင်းလဲမှုအတွက် ပြောင်းလဲမှုအတွက်အစပျိုးနေတဲ့အခြေနေက ဘာလဲဆိုတာသူစဉ်းတောင်မစဉ်းစားမိဘူး။

သီးသန့်ကျွန်းမှာရှိတဲ့အဲဒီညတုန်းက လုချန်ဟဲနဲ့အတူဘာမှမလုပ်ခဲ့ပါဘူး။ သေချာပြောနိုင်တာတစ်ခုက အဲ့ဒီညတုန်းက လူဖြစ်လာဖို့ဆန္ဒပြင်းပြနေတယ်ဆိုတာပဲ...။ လူအနေနဲ့နောက်ဆုံးမှတ်ဉာဏ်တစ်ခုကိုသတိရတာက လုချန်ဟဲကြင်ဖက်တွေတာကို
အခြားတစ်ယောက်ကတားနေတယ်။ အဲ့ဒီအချိန်က
သူအရမ်းဖြစ်ချင်နေတဲ့ဆန္ဒပဲလေ။

ငါ လူပြန်ပြောင်းနိုင်သေးတာလား?
အဲ့ဒါကရောအခွင့်အရေးပေးတာလား?

ကျောက်နင်းသေချာစဉ်းစားပြီးဘဝင်မကျဖြစ်နေကာ ခွေးရဲ့ခန္ဓာကိုယ်က ကွဲပြားနေလို့ဖြစ်မှာပါလေ။ ပြီးတော့သူဆန္ဒပြင်းပြနေရင်တော့လူပြန်ဖြစ်လာမှာ...။
ဒါပေမဲ့ပြောင်းလဲထားတာလဲသိပ်မကြာသေးဘူး။ ပထမအကြိမ်တုန်းကလဲ အိပ်တစ်ဝက်နိုးတစ်ဝက်အချိန်မှာဖြစ်သွားတာဆိုတော့ ဘယ်လောက်ကြာလဲမသိလိုက်ဘူး။ ဒုတိယအကြိမ်ကတော့ ငါးမိနစ်လောက်ဘဲကြာတယ်။ လူဖြစ်လာတဲ့အချိန်ကိုထိန်းချုပ်ရမှာက ကိုယ့်ရဲ့စွမ်းအားဖြစ်လာနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ခွန်အားက ခွေးနဲ့လူကြားထဲမှာ ပြည့်ဝတဲ့အဆင့်ကိုရောက်ရင် လွတ်လွတ်လပ်လပ်ပြောင်းလဲနိုင်တာများလား?ကျောက်နင်းကောင်းကင်ကြီးကို လေးဆယ့်ငါးဒီဂရီလောက်စောင်းပြီး ဝမ်းနည်းစွာနဲ့ကြည့်လိုက်တယ်။

နေနဲ့လက အဓိကဖြစ်နေတာကြောင့်လား?

ဝတၳုထဲမှာရေးထားသလိုမျိုးကြီးလဲမဟုတ်ပြန်ဘူး။ တစ်ချို့အရာတွေက စိတ်ရဲ့ကြာရှည်မှုနဲ့ သက်ဆိုင်ပြီး နေနဲ့လက အဓိကဖြစ်လာကာ စိတ်ဝိဉာဉ်တွေထကြွပြီး အသစ်ဖြစ်သွားတဲ့ပုံစံမျိုး...

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now