Chapter 38(part 1)_ အလုပ်သွားကြစို့!
မနက်ခင်းစောစောမှာပဲ လုချန်ဟဲက သူ့မနက်စာကိုကုန်အောင်စားပြီးတာနဲ့ သူ့ရဲ့ကုတ်အကျီကိုထပ်ဝတ်လိုက်ရင်း အလုပ်သွားဖို့ပြင်ဆင်နေလေတယ်။ ကျောက်နင်းက သူ့မနက်စာကိုစားလို့မပြီးသေးပေမယ့်လည်း သူ ချက်ချင်း လုချန်ဟဲဆီအပြေးသွားလိုက်ရင်း သူ့ကိုအပြင်မသွားစေချင်တဲ့ပုံစံနဲ့ သူ့ခြေထောက်ကိုမလွှတ်တမ်းဖက်ထားလိုက်လေတော့တယ်။
လုချန်ဟဲက ခွေးလေးသူ့ခြေထောက်ကိုလာဖက်နေတာကို ဘာအမူအယာမှမပြဘဲ ငုံ့ကြည့်လိုက်လေတယ်။ ဒါပေမယ့် ပူတင်းလေးက သူ့ကိုလွှတ်ပေးဖို့ရည်ရွယ်ချက်မရှိတာကို သူသိသွားတဲ့အချိန်မှာတော့ လုချန်ဟဲ ပူတင်းလေးရဲ့လက်လေးတွေကို သူ့လက်နဲ့အသာဆွဲခွာနေရတော့တယ်။
" ဂျီကျမနေဘဲ
မင်းရဲ့မနက်စာကိုသာသွားစားစမ်းပါ "ကျောက်နင်း ချက်ချင်းပဲထဟောင်လိုက်တော့တယ်။
" ဝုတ် ဝုတ် ဝုတ်! "
ငါ့ကိုမင်းနဲ့အတူခေါ်သွားပေးပါ... အိမ်မှာတစ်ယောက်တည်းမထားခဲ့ပါနဲ့...
ငါ အမေလုနဲ့ထပ်ပြီး အပြင်ကိုလိုက်မသွားချင်တော့ဘူး.. တစ်ခါအပြင်သွားရင် ငါ ဆယ်နှစ်လောက်အသက်တိုသွားသလိုပဲ!လုချန်ဟဲမတတ်နိင်ဘဲ သူ့ခေါင်းလေးကိုသာပုတ်ပေးလိုက်ရတော့တယ်။
" လိမ္မာတယ် လွှတ်လိုက်နော် "လုချန်ဟဲကသေချာပေါက်သူ့ကို အလုပ်ကိုခေါ်သွားမှာမဟုတ်ဘူးဆိုတာကို သူသိလေတယ်။ ကျောက်နင်းက လုချန်ဟဲစိတ်ပြောင်းသွားပြီး သူ့အတွက်အခွင့်အရေးများရနိုင်မလားလို့ ကြိုးစားကြည့်နေမိရုံသာဖြစ်တယ်။ ဒါပေမယ့် လုချန်ဟဲရဲ့သဘောထားက လုံးဝခိုင်မာနေတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ ထပ်ပြီးအပိုအလုပ်တွေကိုမလုပ်ချင်တော့လေဘူး။ ဒါ့အပြင် လုချန်ဟဲရဲ့ကုမ္ပဏီကလည်း အိမ်မွေးတိရစ္ဆာန်တွေကိုခေါ်သွားဖို့ သင့်တော်တဲ့နေရာတစ်ခုတော့မဟုတ်လေဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီနေ့ပုန်းဖို့နေရာကောင်းတစ်ခုကိုသာ ရှာရတော့မှာဖြစ်လေတယ်။ သူ့မှာအမွှေးတွေအများကြီးရှိနေတာကြောင့် အမွှေးတွေအကွက်လိုက်ပြောင်သွားတာမျိုးက မဖြစ်နိုင်ပေမယ့်လည်း တကယ်လို့သူသာထပ်ပြီးပုန်းမနေဘူးဆိုရင် ဒီနေ့လဲ....သူ့ရဲ့အမွှေးတွေ အများကြီးထပ်ကျွတ်တော့မှာဖြစ်လေတယ်။