Chapter 9

4.9K 983 24
                                    

Chapter 9 - နံနက်ခင်းအပြေးလေ့ကျင့်တာက
ခွေးလေးတွေကိုအရိုးရှင်းဆုံးနှိပ်စက်နည်းပဲ...

လုချန်ဟဲဟာ ဆိုဖာပေါ်မှာထိုင်နေတယ်။
ခံစားချက်မရှိဘဲ လှဲနေတဲ့
အချစ်တော်ပူတင်းလေးရဲ့ပုံက
အရုပ်တစ်ရုပ်လိုပဲ ဖြစ်နေလေတယ်။

ပူတင်းလေးက မတ်တပ်ရပ်ပြီး သူ့ရှေ့မှာရှိနေတဲ့
ခန္ဓာကိုယ်တောင့်တင်းတဲ့
သာမန်ယောကျာ်းတစ်ယောက်ကို
ကြည့်လိုက်တယ်။

အဲဒီလူကြီးကို မသိမသာလေးငေးကြည့်ပြီးတဲ့အခါမှာတော့ လုချန်ဟဲက သူ့ကိုငုံကြည့်လာတယ်။
ပူတင်းလေးရဲ့ခြေဖဝါးကို လက်ကလေးနဲ့ပွတ်ပေးတဲ့အခါမှာတော့ဖြတ်ခနဲလှည့်ကြည့်လာပြီး
သူ့ရဲ့လက်မောင်းထဲကိုခွေခွေလေးဝင်လာတယ်။

ပြီးတော့ သူ့ရဲ့ခြေထောက်ကို
အကြောဆန့်ပြီးနှိပ်ခိုင်းလေရဲ့။ လုချန်ဟဲရဲ့မျက်လုံးတွေက ပြုံးတော့မဲ့အရိပ်အယောင်ကို
ပြနေသလိုပုံစံ ဖြစ်နေတယ်။

ဘေးမှာရှိနေတဲ့အိမ်တော်ထိန်းကတော့
သခင်နဲ့သူ့ခွေးအပေးအယူမျှနေတာ
စိတ်မဝင်စားဘဲ...

"ဒါကတော့မစ္စတာဂျေဆန်ပါ။
သူကFCI Asiaချန်ပီယံဆုကိုခုနစ်နှစ်တိတိထိန်းသိမ်းထားတဲ့သူပါ။
သူလေ့ကျင့်ပေးလိုက်တဲ့ခွေးတွေကလဲ
အပြုအမူကောင်းလာတာမို့လို့ လူတွေမျှော်လင့်ထားသလို စိတ်ကျေနပ်မှုပေးနိုင်ပါတယ်။"

လုချန်ဟဲကတော့ အေးအေးဆေးဆေးနဲ့
ငြိမ်ငြိမ်လေးထိုင်ပြီး ကြည့်လိုက်တယ်။
သူ့လက်မောင်းထဲမှာရှိတဲ့
ခွေးလေးကို ပွတ်သပ်ပေးရင်း...

"လူတွေမျှော်လင့်ထားသလို
ဖြည့်စည်းပေးနိုင်တာလား..."

ဂျေဆန်လို့ခေါ်တဲ့သူက
ဒီစကားကိုလဲကြားပြီးရော
ယုံကြည်ချက်ရှိရှိပြုံးပြီး...

"ခွေးတွေက သဘာဝအရ
အရမ်းဉာဏ်ကောင်းကြတယ်ဗျ...
ဒါကြောင့် သူတို့က အမိန့်နဲ့စည်းကမ်းတွေကို
ပိုပြီးတော့နားလည်ကြတယ်။ ဥပမာ
မစ္စတာလု လက်ထဲကsamoyedအမျိုးအစားက
ခွေးအမျိုးအစားတွေထဲမှာဆို
IQက အဆင့်၃လောက်ရှိတယ်...
ဉာဏ်ကောင်းတဲ့သားပေါက်လေးတွေပေါ့...
ငယ်သေးတဲ့အချိန်မှာတော့samoyedတွေက
တော်တော်လေးကိုတော်ပြီး ဒီအချိန်တွေက
သူတို့ကိုလေ့ကျင့်ပေးဖို့ကောင်းတဲ့အရွယ်ပဲ...
အငယ်တန်းတွေအတွက်တော့
လေ့ကျင့်ပေးတဲ့အဆင့်သုံးဆင့်ရှိတယ်...
မူလအဆင့်မှာတော့ အခြေခံအချက်ဖြစ်တဲ့
လှဲချခြင်း၊နောက်ကလိုက်ခြင်းနဲ့စောင့်ဆိုင်းခြင်းတွေလေ့ကျင့်ပေးရတယ်ဗျ...
အလယ်အဆင့်မှာတော့ အတားအဆီးတွေကိုဖြတ်ကျော်ခြင်း၊လှိမ့်ခြင်း၊ဘောလုံးကစားခြင်း၊ဘောလုံးဖမ်းခြင်းစတာတွေပေါ့ဗျာ...
ဒီလိုလေ့ကျင့်မှုတွေက
အိမ်မွေးခွေးတွေအတွက်လုံလောက်တယ်လို့
ပြောနိုင်ပါတယ်။
ဒါပေမဲ့ မစ္စတာလုသာဆန္ဒရှိမယ်ဆိုရင်
samoyedကိုအကူအလုပ်လုပ်တဲ့ခွေးတစ်ကောင်အဖြစ်လေ့ကျင့်ပေးလိုက်လို့ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ကိုက်ခြင်း၊စောင့်ရှောက်ခြင်း၊ရှာဖွေခြင်းစတာတွေပါဝင်ပါမယ်..."

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now